မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက ၀က်စ်ဟမ်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ လီဗာပူးက အပြတ်အသတ်အသာစီးယူကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း ပိုမိုရရှိခဲ့ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးတွေကို အမ်မရီကန်၊ ဆာလက်ခ်ျ၊ ဖာမီနိုနဲ့ ဆာဒီယိုမိန်းတို့က ၁ ဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။ ၀က်စ်ဝမ်းအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ အန်တိုနီယိုက သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီပွဲအနိုင်ကြောင့် ချန်ပီယံလိဂ် ၄ သင်းထဲ ၀င်ခွင့်ရရေး ကြိုးပမ်းနေတဲ့ လီဗာပူးအသင်းဟာ ၂၈ ပွဲကစားပြီး ၅၇ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိတနေရာကို တက်လှမ်းသွားခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ အမှတ်ပေးဇယားမှာ ၂၈ ပွဲကစား ရမှတ် ၃၀ နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ တခြားပွဲစဉ်တွေမှာတော့ လက်စတာ ၁-၁ စတုတ်၊ ဘုန်းမောက် ၂-၂ နယူးကာဆယ်၊ ဘရိုက်တန် ၄-၁ ဆွမ်ဆီး၊ ဘန်လေ ၁-၁ ဆောက်သမ်တန်၊ ၀က်စ်ဘရွန်း ၁-၂ ဟတ်ဒါဖီးလ်ဒ် စတဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် ၄ သင်းထဲ ၀င်ခွင့်ရရေး ကြိုးစားနေတဲ့ နာမည်ကြီး မန်ယူနဲ့ ချဲလ်ဆီးတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ မန်ယူက အဆင့် ၃ နဲ့ ချဲလ်ဆီးက အဆင့် ၄ မှာ ရပ်တည်နေပါတယ်။
5 years Ago