အနိုင်ယူ ဗိုလ်စွဲ

January 29, 2017

သြစတြေးလျ တင်းနစ်ပြိုင်ပွဲတွင် စရီနာက အစ်မဖြစ်သူကို အနိုင်ယူ ဗိုလ်စွဲ

ဇန်န၀ါရီ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပန်း အမျိုးသမီးတယောက်ချင်း ဗိုလ်လုပွဲစဉ်မှာ စရီနာ ၀ီလျံစ်က အစ်ဖြစ်သူ ဗီးနပ် ၀ီလျံစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ သြစတြေးလျ အိုးပန်း ချန်ပီယံဆုဟာ အသက် ၃၅ နှစ်အရွယ် စရီနာအတွက်တော့ ၇ ကြိမ်မြောက် ရယူနိုင်တာပါ။ စရီနာဟာ ၂ ပွဲစလုံးကို ၆ - ၄နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားတာပါ။ ဂရန်းစလန်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ ညီအမနှစ်ယောက် ၉ ကြိမ် ဆုံဖူးရာမှာ စရီနာက ၇ ကြိမ် အနိုင်ရထားပါတယ်။ အခု ရတဲ့ ချန်ပီယံဆုဟာ ၂၃ ကြိမ်မြောက်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်လို့ အရင်တုန်းက စတ်ဖီ ဂရပ် တင်ထားတဲ့ စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အခုပွဲမှာ ချန်ပီယံ ဖြစ်တာကြောင့် အမေရိကန်သူ စရီနာဟာ ကမ္ဘာ့ နံပါတ်တစ်နေရာကို ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ်။
5 years Ago
Up