အနုပညာ တန်ဆာဆင် (ရုပ်သံ)

April 19, 2018

လန်ဒန်မျှော်စင်တဝိုက် ဘိန်းပန်းများဖြင့် အနုပညာ တန်ဆာဆင် (ရုပ်သံ)

ပထမကမ္ဘာစစ်အတွင်း ကျဆုံးစစ်သည်တွေကို ကိုယ်စားပြုတဲ့အနေနဲ့ လန်ဒန်မျှော်စင်တဝိုက်မှာ ဘိန်းပန်းတွေနဲ့ အနုပညာ တန်ဆာဆင်ထားပါတယ်။ အနီရောင် ဘိန်းပန်းခင်းဟာ ဟမ်းရှိုင်းယားနယ်ရှိ နယ်လ်ဆင်ခံတပ်မှာ ယာယီအိမ်အဖြစ် နေရာယူထားပါတယ်။ ဒီပရောဂျက်ဟာ မူလက ပထမကမ္ဘာစစ် ရာပြည့်အထိမ်းအမှတ်ပွဲအတွက် ပြုလုပ်တာဖြစ်ပါတယ်။ ဒီဇိုင်နာ တွမ်ပိုက်ပါက ဒီအနုပညာပြကွက်ဟာ စစ်ပွဲကာလအတွင်း ကတုတ်ကျင်းတွေကို ကျော်လွှားခဲ့တဲ့ စစ်သည်ပုံရိပ်တွေကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။ “ဒီအနုပညာပြကွက်ကို လူ ၃၀၀ လောက် ပြုလုပ်ကြတာပါ။ ကျနော်တို့ မြေစေးတွေကို ခင်းပြီး တက်နင်းပါတယ်။ ပြီးတော့ ဘိန်းပန်းတွေကို စိုက်ပါတယ်” လို့ အနုပညာရှင်  ပေါလ်ကမ်မင်းစ်က ပြောပါတယ်။ “တကယ်ထင်ရှားတာကတော့ ပထမကမ္ဘာစစ်ဟာ နိုင်ငံအတွင်းရှိ လူ့အသိုင်းအဝိုင်းတိုင်းကို ဘယ်လိုသက်ရောက်မှုရှိတယ် ဆိုတာပါပဲ” လို့ 14-18 NOW အဖွဲ့အစည်း ဒါရိုက်တာ ဂျင်နီဝေါလ်မန်းက ပြောပါတယ်။ ပထမကမ္ဘာစစ်အတွင်းက ဗြိတိန်တပ်ဖွဲ့ဝင်တွေဟာ အနောက်ဘက်ရှေ့တန်းကို မထွက်ခွာခင် နယ်ဆင်လ်ခံတပ်မှာ စခန်းချခဲ့ပါတယ်။ အဲဒီခံတပ်အနီး ဘိန်းပန်း အနုပညာပြကွက်ကို ဧပြီလကနေ ဇွန်လကုန်အထိ ပြသသွားမယ်လို့ သိရပါတယ်။
3 years Ago
Up