အနုပညာဖျော်ဖြေပွဲ ကျင်းပ

April 5, 2018

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ အနုပညာဖျော်ဖြေပွဲ ကျင်းပ

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းမှာပြုလုပ်ခဲ့တဲ့ တောင်-မြောက် ကိုရီးယား အနုပညာ ဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့က  နိုင်ငံပိုင် KRT သတင်းဌာနကနေ ထုတ်လွှင့်ခဲ့ပါတယ်။ တောင်ကိုရီးယား ယဉ်ကျေးမှု ၀န်ကြီး ဒိုဂျောင်-ဟွမ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၈၆ ဦးပါ အနုပညာအဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့က မြောက်ကိုရီးယားကို သွားရောက်ခဲ့တာဖြစ်ပါ တယ်။ ဒါဟာ ပြီးခဲ့တဲ့လက တောင်ကိုရီးယားမှာ မြောက်ကိုရီးယား အနုပညာအဖွဲ့လာရောက် ဖျော်ဖြေခဲ့ပြီးနောက် အပြန်အလှန်အနေနဲ့  မြောက်ကိုရီးယားကို သွားရောက်ဖျော်ဖြေတာ ဖြစ်ပါတယ်။ ဧပြီလ ၃ ရက်နေ့က ချောင်ဂျူယွန် အားကစားခန်းမမှာ တောင်-မြောက်ကိုရီးယား အနုပညာဖျော်ဖြေပွဲ ပိတ်ပွဲအခမ်းအနားကို ၂ နာရီကြာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဧပြီ ၂ ရက်နေ့က ပြုလုပ်တဲ့ တောင်-မြောက်ကိုရီးယား တိုက်ကွမ်ဒို အားကစားသမားတွေရဲ့ သရုပ်ပြပွဲနဲ့ ဧပြီ ၃ ရက်နေ့က တောင်ကိုရီးယား အနုပညာအဖွဲ့ မြောက်ကိုရီးယားကနေ ပြန်လည်ထွက်ခွာသွားပုံတို့ကိုလည်း KRT သတင်းဌာနကနေ  ထုတ်လွှင့်ပြသခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up