အနုပညာပွဲတော်

October 25, 2018

စစ်ဖြစ်နေသည့် ဆီးရီးယားတွင် ယဉ်ကျေးမှုနှင့် အနုပညာပွဲတော် စတင်ကျင်းပ

ဆီးရီးယားနိုင်ငံရဲ့ မြို့တော်ဒမတ်စကတ်မှာ ပထမဆုံး ယဉ်ကျေးမှုနဲ့ အနုပညာပွဲတော်ကို တနင်္လာနေ့က စပြီးကျင်းပနေပါတယ်။ ဒါဟာ ၂ဝ၁၁ ခုနှစ်ကစပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံမှာ တည်ငြိမ်မှုပြန်ရလာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ ဆီးရီးယား ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး အလီအယ်လ်ခိမ်က ဒမတ်စကတ် ပြဇာတ်ရုံမှာ ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပါတယ်။ ဆီးရီးယား ပဋိပက္ခအတွင်း ကျန်ရစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြဇာတ်ရုံမှာ ထင်ရှားအောင် ပြသထားတာပါ။ ပြခန်းမှာ ခင်းကျင်းပြသထားတဲ့ အနုပညာလက်ရာတွေဟာ ဆီးရီးယားသမိုင်းတလျှောက် ထိန်းသိမ်းထားခဲ့တဲ့ ရတနာတွေလည်း ဖြစ်ပါတယ်။ စာအုပ်တွေ လက်မှုပစ္စည်းတွေနဲ့ ပန်းချီတွေ လက်ရေးအလှစာတွေကိုလည်း ဇုန်အလိုက် ခင်းကျင်းပြသထားပါတယ်။ ဆီးရီးယား ယဉ်ကျေးမှုဝန်ကြီးဌာန ကလေးသူငယ် ယဉ်ကျေးမှုဌာန အကြီးအကဲ ဟိုင်ဖှာအယ်လ်ဆာဖှာဒီက “ဆီးရီးယား ပဋိပက္ခစဖြစ်တည်းက ကိုယ့်ကိုယ်ကိုယ် အနုပညာနဲ့ အားပေးခဲ့ရပြီးပြီ ကလေးတွေကိုလည်း ခံစားချက်တွေကို ပြဇာတ်၊ ပန်းချီ၊ ဂီတနဲ့ လက်မှုပစ္စည်းတွေကနေ တဆင့် ဖော်ပြဖို့ အားပေးခဲ့တယ်” လို့ ပြောပါတယ်။ သီတင်းတပတ်ကြာမယ့် ဒီပွဲတော်မှာ အာရပ်နဲ့ ဆီးရီးယားအနုပညာ ရိုးရာဖျော်ဖြေရေး အနုပညာတွေကို ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။
3 years Ago

March 1, 2015

ရန်ကုန်ကို ခံစားပုံဖော်ကြတဲ့ ‘တို့ရန်ကုန်၊ တို့အိမ်ရာ’ (ဓာတ်ပုံ)

အနုပညာဖန်တီးမှုမျိုးစုံနဲ့ ရန်ကုန်ကို ခံစားပုံဖော်ကြတဲ့ 'တို့ရန်ကုန်၊ တို့အိမ်ရာ' အနုပညာနဲ့ ယဉ်ကျေးမှု ပွဲတော်ကို ဒီနေ့ စတင်ဖွင့်လှစ်လိုက်ပြီး ရန်ကုန်မြို့ရဲ့ နေရာ ၄၅ ခုမှာ ၃ ပတ်ကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဗြိတိသျှသံရုံးက ဦးဆောင်ကျင်းပတဲ့ ဒီပွဲတော်ကို ရန်ကုန်မြို့က ဗြိတိသျှသံရုံးမှာ စတင်ဖွင့်လှစ်ခဲ့ပြီး မဟာဗန္ဓုလ ပန်းခြံမှာလည်း ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်နဲ့ပတ်သက်တဲ့ ခံစားမှုအမျိုးမျိုးကို ပိုစတာ၊ ပန်းချီ၊ ပန်းပု၊ အင်စတောလေးရှင်း အနုပညာ စတဲ့ ပုံဖော်မှု အမျိုးမျိုးနဲ့ ပုံဖော်ပြသကြမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က ပန်းချီအနုပညာပြခန်း ၁၈ ခုနဲ့ ဗြိတိသျှသံရုံး၊ မဟာဗန္ဓုလ ပန်းခြံ၊ ရန်ကုန်မြို့ပတ်ရထား၊ ၃၃ လမ်း လေထန်ကုန်း အပါအ၀င် လက်ဖက်ရည်တစ်ချို့၊ မြောက်ဒဂုံ-ဆူးလေ ပြေးဆွဲတဲ့ အမှတ် ၂၃၅ ဘတ်စ်ကားလိုင်းနဲ့ ပန်းဆိုးတန်း အောက်လမ်းဘေးတစ်လျှောက် စတဲ့ နေရာတွေမှာ ပြသသွားမှာ ဖြစ်ပါတယ်။ နေရာနဲ့ နေ့ရက် အချိန်တွေကို အတိအကျ သိနိုင်ဖို့အတွက်ကတော့ http://www.yangonartandheritage.com မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။ [gallery ids="83728,83729,83731,83732,83734,83735,83736,83737,83738"]
7 years Ago
Up