အနိုင်ရ (ရုပ်သံဟိုက်လိုက်)

December 18, 2017

မန်ယူအသင်း ၀က်စ်ဘရွန်းကို ၂-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကန်သွားတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ၀က်စ်ဘရွန်းအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားသွားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းပွဲချိန် ၂၇ မိနစ်မှာ လူကာကူးက ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပွဲချိန်  ၃၅ မိနစ်မှာ လင်းဂတ်က ဒုတိယအနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်ယူအသင်းဂိုးထပ်မသွင်းယူနိုင်တော့ဘဲ ၀က်စ်ဘရွန်းအသင်းက ဘယ်ရီက ပွဲချိန် ၇၇ မိနစ်မှာ ချေပဂိုးတဂိုးသွင်းယူပေးခဲ့ပါတယ်။ မန်ယူအသင်းဟာ ဇယားထိပ်က မန်စီးတီးနဲ့ ၁၁ မှတ်ပြတ်နေပေမယ့် ပွဲစဉ်တိုင်းကို အနိုင်ရဖို့ကြိုးစားသွားမယ်၊ နောက်ဆုံးပွဲစဉ်အထိတိုက်ပွဲဝင်သွားမယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုကပြောပါတယ်။
3 years Ago

October 15, 2017

မန်စီးတီးက စတုတ်စီးတီးကို ၇-၂ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ မန်စီးတီးက စတုတ်စီးတီးကို ၇ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားတွေ ပွဲပန်းပြီး အသင်းကြီး တော်တော်များများ ရုန်းကန် ခဲ့ရပေမယ့်လည်း မန်စီးတီးကလည်း ရလဒ် ကောင်းခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ဂျီးဆက်၊ စတာလင်၊ ဆေးဗား၊ ဖာနန်ဒင်ဟို၊ ဆာနေးတို့က သွင်းယူပါတယ်။ စတုတ်အတွက် ချေပဂိုး ၂ ဂိုးကို ဒီယော့နဲ့ မန်စီးတီး နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီး ကွင်းလယ်မှာ ဒီဘရိုင်း ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ မန်စီးတီးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ မန်စီးတီးက ၂၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်ယူကို ၂ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။ စတုတ်စီးတီးကတော့ ၈ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။
3 years Ago
Up