အနိုင်ရပြီး ဗိုလ်လုပွဲတက်

January 7, 2017

ကာတာအိုးပန်း တင်းနစ်ပြိုင်ပွဲတွင် မာရေးက ဘာဒစ်ကို အနိုင်ရပြီး ဗိုလ်လုပွဲတက်

ကာတာအိုးပန်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ကမ္ဘာ့နံပါတ်တစ် အင်ဒီမာရေးက တိုမက်စ် ဘာဒစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ အင်ဒီ မာရေးဟာ ချက်နိုင်ငံသား ဘာဒစ်ကို ၆ - ၃၊ ၆ - ၄ နဲ့ အနိုင်ရသွားပါတယ်။ ပထမပွဲအပြီးမှာ ဘာဒစ်ဟာ ခြေကျင်းဝတ် ဒဏ်ရာရသွားလို့ ကုသမှု ခံယူခဲ့ရပါတယ်။ ဗြိတိန်နိုင်ငံသား မာရေးအတွက်တော့ ပြိုင်ပွဲတွေမှာ၂၈ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ ကာတာ အိုးပန်းပြိုင်ပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် လာမယ့် သြစတြေးလျအိုးပန်း တင်းနစ်ပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ ပွဲလည်း ဖြစ်ပါတယ်။ မာရေးဟာ ကာတာအိုးပန်း ဗိုလ်လုပွဲမှာ နာမည်ကြီး နိုဗက် ဂျိုကိုဗစ်နဲ့ ဆုံရမှာပါ။ ဒီပြိုင်ပွဲမှာ အနိုင်ရရင် မာရေးဟာ ၆ ခုမြောက် ချန်ပီယံဆုကို ရယူနိုင်မှာ ဖြစ်ပါတယ်။
5 years Ago
Up