အမြွှာမိခင် ၂ ဦးမှ ဒုတိယမြောက် အမြွှာကလေး ကိုယ်စီ မွေးဖွား

A d v e r t i s e m e n t With Us

February 24, 2016

အမြွှာမိခင် ၂ ဦးမှ ဒုတိယမြောက် အမြွှာကလေး ကိုယ်စီ မွေးဖွား

အမေရိကန်နိုင်ငံ၊ အော့တ၀ါပြည်နယ်ထဲက အမြွှာညီအစ်မ ၂ ဦးဟာ ပြိုင်တူ ကိုယ်ဝန်ဆောင်ခဲ့ကြပြီး ဒုတိယမြောက် အမြွှာကလေးတွေ မွေးဖွားခဲ့ကြတယ်လို့ The Salt Lake Tribune သတင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြပါတယ်။ ကယ်ရီဘန်ကာနဲ့ ကယ်လီဝေါလ် အမည်ရတဲ့ အမြွှာညီအစ်မ ၂ ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ် ၃ ပတ်လောက်က ဆော့လ်တ်လိတ်ခ်မြို့တောင်ပိုင်း တင်ပန်နိုဂို့စ်ဒေသတွင်း ဆေးရုံမှာ ဒုတိယအကြိမ် မွေးဖွားခဲ့ကြတာပါ။ ဘန်ကာရဲ့ အမြွှာကလေးတွေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဝေါလ်ကတော့ သုံးပတ်စော မွေးဖွားခဲ့တာပါ။ သူတို့ညီအစ်မဟာ အမြွှာကလေးတစုံစီကို ပထမအကြိမ်အဖြစ် ဒီဆေးရုံမှာပဲ လခြားပြီး မွေးဖွားခဲ့ကြဖူးတယ်လို့ သတင်းက ဆိုပါတယ်။ ဘန်ကာမှာ ခုမွေးဖွားလာတဲ့ အမြွှာကလေးတွေဖြစ်တဲ့ ကက်ရှ်နဲ့ ဂျေ့စ်တို့အပြင် ၄ နှစ်အရွယ် အမြွှာသမီး ဟေလီ၊ ကိုးလ်နဲ့ ၂ နှစ်အရွယ် သမီး ဆက်ဒီတို့ ရှိနေတာပါ။ ဝေါလ်မှာတော့ ခုမွေးဖွားလာတဲ့ အမြွှာကလေးတွေဖြစ်တဲ့ ကိုင်လာနဲ့ ကနက်ဒီတို့အပြင် ၅ နှစ်အရွယ် အမြွှာကလေးငယ် မက်က်ကဲလ်၊ မက်ဒီဆန်တို့ ရှိပြီး ဖြစ်ပါတယ်။ ဘန်ကာနဲ့ ဝေါလ်တို့ အမြွှာညီအစ်မ ၂ ဦးဟာ ဝေါလ်ဘာ့ဂ်အရပ်က အိမ်တအိမ်ထဲမှာ အတူတကွ နေထိုင်ကြတာဖြစ်ပြီး ကျောင်းတကျောင်းတည်းမှာ အတူတကွ အလုပ် လုပ်နေကြတဲ့ ကျောင်းဆရာမတွေ ဖြစ်ပါတယ်။ ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ရိုင်ယန်ဝှိုက်က မိခင် ၂ ဦးဖြစ်တဲ့ ဘန်ကာနဲ့ ဝေါလ်တို့ဟာ ညီအစ်မတွေအဖြစ်သာမက မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဘက်တွေ အဖြစ်လည်း ရှိနေကြပြီး သူတို့ရဲ့ ကလေး ၉ ဦးလုံးဟာလည်း အတူတူ ကြီးပြင်းလာကြလိမ့်မယ်လို့ ဆိုပါတယ်။
5 years Ago
Up