အမြွှာကလေးနှစ်ဦးကို တွန်းလှည်းဖြင့်တင်ပြီး အပြေးပြိုင်သည့်ဖခင် ကမ္ဘာ့စံချိန်တင် (ရုပ်သံ)

December 20, 2015

အမြွှာကလေးနှစ်ဦးကို တွန်းလှည်းဖြင့်တင်ပြီး အပြေးပြိုင်သည့်ဖခင် ကမ္ဘာ့စံချိန်တင် (ရုပ်သံ)

ဗြိတိန်နိုင်ငံမှ အပြေးသမားတဦးဟာ ၁ နှစ်သား အမွှာသားငယ် ၂ ဦးကို တွန်း လှည်းနဲ့တင်ပြီး တာတိုမာရသွန်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ မာတင်စတီယာအမည်ရ အဲဒီအမျိုးသားဟာ တာတိုမာ ရသွန်ပြိုင်ပွဲမှာ ကြာမြင့်ချိန် ၁ နာရီ ၅၆ မိနစ်နဲ့ စံချိန်တင်နိုင်ခဲ့တာလို့ ဂင်းနစ် စံချိန်ထိန်းသိမ်းရေးအဖွဲ့က အတည်ပြုလိုက်ပါတယ်။ စတီယာဟာ သူ့ရဲ့ အမြွှာကလေးငယ် ၂ ဦးဖြစ်တဲ့ လုခ်နဲ့ နေသန်တို့ရဲ့ တနှစ် ပြည့်မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြိုင်ပွဲဝင်စံချိန်တင်လိုက်နိုင်တာလို့ သတင်းမှာ ဖော်ပြပါတယ်။ “ကျနော့်သားတွေအတွက် အနာဂတ်မှာ ဂုဏ်ယူဖို့ကောင်းတဲ့ အရာတခုခုလုပ် ပေးချင်ခဲ့တာပါ။ ခုလိုမှတ်တမ်းထဲမှာ သူတို့ပါဝင်ခဲ့တာဟာ တကယ့်ကိုကြီးကျယ်ခမ်း နားပါတယ်”လို့ စတီယာက ဆိုပါတယ်။ တနှစ်သားအမွှာကလေးငယ် ၂ ဦးဟာ ပြိုင်ပွဲဝင်နေစဉ်တလျှောက်လုံးမှာ အိပ် ပျော်လျက်သား ရှိနေခဲ့ကြတာပါ။
6 years Ago
Up