အကြီးတန်းအစိုးရအရာရှိတဦး အဓမ္မပြုကျင့်မှုကြောင့် ၁၂ နှစ်သမီး ကိုယ်ဝန်ရရှိ

February 28, 2017

အကြီးတန်းအစိုးရအရာရှိတဦး အဓမ္မပြုကျင့်မှုကြောင့် ၁၂ နှစ်သမီး ကိုယ်ဝန်ရရှိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အကြီးတန်း အစိုးရအရာရှိ အမျိုးသားတဦးက အဓမ္မပြုကျင့်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦးမှာ ကိုယ်ဝန်ရရှိခဲ့တယ်လို့ ဆရာဝန်တွေက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အတည်ပြု ပြောလိုက်ပါတယ်။ အဲဒီမိန်းကလေးရဲ့ ညီမဖြစ်သူ ၃ နှစ်သမီးဟာလည်း လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခံခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားဟာ အမှုဆောင်အရာရှိချုပ် စီ-၈ အဆင့်ရှိ အစိုးရအရာရှိတဦးဖြစ်ကာ ကလေးတွေရဲ့ အဒေါ်တော်စပ်သူရဲ့ ခင်ပွန်းဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ကာပွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအမှုဟာ ကလေးတွေရဲ့ မိခင်ဖြစ်သူက ခဲအိုတော်စပ်သူဟာ သမီးတွေကို နှောင့်ယှက်ပတ်သက်ခဲ့တယ်လို့ သံသယဝင်တဲ့အတွက် ရဲတွေကို တိုင်တန်းခဲ့ရာမှ ခုလို ပေါ်ပေါက်လာခဲ့တာပါ။ ၁၂ နှစ်အရွယ် သမီးဖြစ်သူဟာ ဓမ္မတာလာချိန် မမှန်ခဲ့တဲ့အတွက် ဆေးခန်းပြခဲ့ချိန်မှာ ဆရာဝန်တွေက ဒါဟာ အဓမ္မပြုကျင့်ခံရတဲ့အတွက် ကိုယ်ဝန် ၁ လ ရရှိနေခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ကြတာပါ။ ၃ နှစ်အရွယ်ကလေးကတော့ အဓမ္မပြုကျင့်ခံထားရခြင်း မရှိပေမယ့် သူ့ရဲ့ အမျိုးသမီးအင်္ဂါမှာ လက်ချောင်းတွေနဲ့ထိစပ်ကာ လိင်ပိုင်းဆိုင်ရာ မတော်မတရားမှု ကျူးလွန်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်ခဲ့သူလို့ သံသယဖြစ်ခံရတဲ့ အမျိုးသားက ဒါကို ငြင်းပယ်ခဲ့ပြီး ဒီအမှုမှာ သူ့ရဲ့ဇနီးဖြစ်သူကပါ သိလျက်နဲ့ ပါဝင်နေခဲ့သလားဆိုတာကို ရဲတွေက စုံစမ်းနေကြပါတယ်။ ကလေးတွေကို သူတို့ဇနီးမောင်နှံက ဒီအကြောင်းအရာ တခုခုပြောမယ်ဆိုရင် သတ်ပစ်ဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်မယ်လို့ ရဲတွေက သံသယဝင်နေကြတာပါ။ လက်ရှိမှာတော့ ဒီအမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အခြေအနေအသေးစိတ်ကိုတော့ မသိနိုင်သေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up