အကြီးဆုံးဆန္ဒပြပွဲ ကျင်းပ

November 27, 2016

တောင်ကိုရီးယားသမ္မတ နုတ်ထွက်ပေးရန် အကြီးဆုံးဆန္ဒပြပွဲ ကျင်းပ

တောင်ကိုရီးယားပြည်သူတွေ သမ္မတ ပတ်ဂျွန်ဟေးကို နုတ်ထွက်ပေးဖို့ ကျင်းပခဲ့ကြတဲ့ အကြီးဆုံးဆန္ဒပြကြီးကို မနေ့က ဆိုလ်းမြို့တော်မှာ ကျင်းပခဲ့ကြပါတယ်။ သမ္မတ ပတ်ဂျွန်ဟေးကို သူ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေ တယောက်က သူ့ရဲ့ခေါင်းဆောင်မှုကို နောက်ကွယ်က ကြိုးကိုင်တယ်ဆိုပြီး စွပ်စွဲခံနေရပြီး သူ နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲ တွေ ဖြစ်ပွားနေတာ သီတင်း ၅ ပတ်ရှိပြီဖြစ်ပါတယ်။ အဲ့ဒီအမျိုးသမီးမိတ်ဆွေနဲ့ သမ္မတ ထိပ်တန်းအကြံပေး ၂ ယောက်ကို ရုံးတင်စစ်ဆေးနေပြီလည်းဖြစ်ပါတယ်။ သမ္မတကတော့ ကိုရီးယားပြည်သူတွေကို ရုပ်မြင်သံကြားကနေ ၂ ကြိမ်တောင်းပန်ခဲ့ပြီး တာဝန်က နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုကို လက်ရှိအချိန်အထိ ငြင်းဆန် နေဆဲဖြစ်ပါတယ်။ ဆန္ဒပြသူ ဦးဆောင်စီစဉ်သူတွေကတော့ ဆန္ဒပြသူ ၁ သန်းခွဲရှိတယ်လို့ ပြောဆိုကြပြီး ဆိုလ်း မြို့တော် ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူဦးရေ ၂၇၀၀၀၀ လို့ပြောဆိုပါတယ်။ တချိန်ထဲမှာပဲ နိုင်ငံတ၀န်း တခြားပြည်နယ် တွေမှာလည်း လူ ၄ သိန်းကျော် ဆန္ဒပြခဲ့ကြပါတယ်။ ဆိုလ်းမြို့တော်မှာ လုံခြုံရေးအင်အား ၂၅၀၀၀ လောက်ချထားပြီး ရဲနဲ့ ပဋိပက္ခတွေ၊ ထိပ်တိုက်တွေ့မှုတွေတော့ မဖြစ်ခဲ့ပါတယ်။ လူထုစစ်တမ်းတွေမှာ သမ္မတအပေါ်ထောက်ခံမှုဟာ ၅ ရာခိုင်နှုန်းအထိကျဆင်းနေပြီး ဒီဆန္ဒပြပွဲတွေဟာ ၁၉၈၀ နှစ်တွေနောက်ပိုင်း တောင်ကိုရီးယား နိုင်ငံမှာ အကြီးဆုံးဆန္ဒပြပွဲကြီးတွေဖြစ်ကြပါတယ်။ အခုကျင်းပခဲ့တဲ့ ဆန္ဒပြပွဲကြီးမှာ တောင်ကိုရီးယားလူထုလူတန်းစားပေါင်းစုံ ပါဝင်ခဲ့ကြတယ်လို့ သတင်းတွေကဆိုပါတယ်။
5 years Ago
Up