ရုရှားနိုင်ငံ မြောက်ပိုင်းတပ်မဟာနဲ့ စစ်တိုင်းလေးခုက တပ်ဖွဲ့ဝင်တွေဟာ ဒီသီတင်းပတ်အတွင်း ခရိုင်းမီးယား ကျွန်းဆွယ်မှာ အကြီးစားလေကြောင်း လေ့ကျင့်ခဲ့ကြပါတယ်။
The Aviadarts ၂၀၁၉ လေကြောင်း လေ့ကျင့်ရေးကို ပင်လယ်နက် ဆိပ်ကမ်းမြို့ ဖှေအိုဒိုးစီးယားက ချောင်ဒါသင်တန်းမြေပြင်မှာ မေလ ၂၄ ရက်ကနေ ဇွန်လ ၉ ရက်ထိ လေ့ကျင့်မှာပါ။
ရုရှားရဲ့ MiG နဲ့ ဆူခွိုင် တိုက်လေယာဉ်တွေက ဝန်ထမ်းအယောက် ၆၀ နီးပါးနဲ့ ရဟတ်ယာဉ်တွေဟာ ပစ်မှတ်အမျိုးမျိုးကို ထိအောင် ပစ်ခတ်ခဲ့ပြီး ပျံသန်းပုံ အမျိုးမျိုးကိုပါ သရုပ်ပြ မောင်းနှင်ခဲ့ပါတယ်။
ဇွန်လ ၁ ရက်က စစ်ရေးလေ့ကျင့်မှုကို လူအယောက် ငါးထောင်ကျော် လာကြည့်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဆူခွိုင် Su 35C နဲ့ Su 34 ဂျက်လေယာဉ် တွေဟာ ကွန်ကရစ်တွေကို ဖောက်ထွက်နိုင်တဲ့ ဗုံးတွေကိုကြဲချ လေ့ကျင့်သလို ဘာခွတ်စ်ကျွမ်းဘား ရဟတ်ယာဉ် အုပ်စုကလည်း လေထဲမှာ စတန့်အမျိုးမျိုးကို သရုပ်ပြပြီး ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
ရုရှားဟာ ခရိုင်းမီးယားကို ယူကရိန်းဆီကနေ ၂၀၁၄ မှာ သိမ်းပိုက်ခဲ့တာပါ။ ဒါကြောင့် ရုရှားအပေါ် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေနဲ့ ရုရှားအစိုးရကြား ဆက်ဆံရေးဟာလည်း စစ်အေးခေတ် နောက်ပိုင်း အဆိုးဆုံး ကျဆင်းခဲ့ပါတယ်။
2 years Ago