အမြီးမပါသည့် ကြယ်တံခွန်သစ် ထပ်တွေ့ (ရုပ်သံ)

A d v e r t i s e m e n t With Us

May 1, 2016

အမြီးမပါသည့် ကြယ်တံခွန်သစ် ထပ်တွေ့ (ရုပ်သံ)

အမြီးမပါတဲ့ ကြယ်တံခွန်သစ်ကို  နက္ခဗေဒပညာရှင်တွေက ထပ်မံတွေ့ရှိ ပါတယ်။ နေစကြာဝဋ္ဌာရဲ့ တည်ဆောက်ပုံနဲ့ ပြောင်းလဲမှု ဖြစ်စဉ်အတွက် သဲလွန်စတခုလို့ ဧပြီ ၂၉ ရက်ထုတ် အဆင့်မြင့် သိပ္ပံဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသနစာတမ်းက ရေးပါတယ်။ ကြယ်တံခွန်အများစုက ရေခဲ၊ ဒါမှမဟုတ်တခြား အေးခဲတဲ့ ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပေမယ့် မန်ဇ်လို့ အမည်ပေးထားတဲ့ ကြယ်တံခွန်က ကျောက်အမျိုးအစားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရှာဖွေရာမှာ ပါဝင်တဲ့ သိပ္ပံပညာရှင်တွေကတော့ အလားတူ ကြယ်တံခွန်နောက်ထပ် ဘယ်လောက်ရှိမလဲလို့ စူးစမ်းလေ့လာနေပါတယ်။ အသစ်တွေ့ရတဲ့ ကြယ်တံခွန်ကို ၂၀၁၄ ခုနှစ်က တယ်လီစကုတ်နဲ့ အလျင်အမြန် တုံ့ပြန်နိုင်တဲ့ စနစ်ကနေ တဆင့်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စတင်သတိထားမိစဉ်ကတည်းက အမြီးမပါတာကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။
5 years Ago
Up