အပြိုင်ခေါ်ယူရန် စီစဉ်နေ

May 30, 2017

အင်တာကွင်းလယ်လူ ပါရီဆစ်ကို မန်ယူနှင့်ချဲလ်ဆီးတို့ အပြိုင်ခေါ်ယူရန် စီစဉ်နေ

မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ဟာ အင်တာမီလန်အသင်း ကွင်းလယ်ကစားသမား ပါရီဆစ်ကို အပြိုင်ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အသက် ၂၈ နှစ်ရှိ ခရိုအေးရှားလက်ရွေးစင် ပါရီဆစ်ဟာ အင်တာမီလန်နဲ့ ခရိုးအေးရှား အသင်းတွေမှာ ခြေစွမ်းပြနေတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ဘက်နှစ်သင်းက ခေါ်ယူလိုနေတာပါ။ ကွင်းလယ်ကစားသမား ပါရီဆစ်အတွက် အင်တာမီလန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်း သတ်မှတ်ထားပါတယ်။ ဂျာမန်ကလပ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ဝုဖ်ဘက်အသင်းတွေမှာ ကစားခဲ့တဲ့ အိုင်ဗန်ပါရီဆစ်ဟာ ၂၀၁၅ ခုနှစ်က အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ လက်ရှိအချိန်အထိ အင်တာမီလန်အသင်းအတွက် စုစုပေါင်း ၇၉ ပွဲမှာ ဂိုး ၂၀ သွင်းထားပြီး ဒီနှစ်ရာသီမှာတော့ ၁၁ ဂိုး သွင်းယူထားပါတယ်။
4 years Ago
Up