အငြိမ်းစားဝန်ထမ်း

March 15, 2019

ပင်စင်လစာများ Wave Money ဖြင့် ထုတ်ယူနိုင်ပြီ

အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ ပင်စင်လစာတွေကို Wave Money ကတဆင့် ထုတ်ယူနိုင်ဖို့ စတင်ဆောင်ရွက်ပေးနေပြီလို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ မတ်လ ၁၄ ရက်က နေပြည်တော်မှာ မြန်မာ့စီးပွားရေးဘဏ်နဲ့ Digital Money Myanmar ကုမ္ပဏီတို့အကြား မိုဘိုင်းဖုန်းစနစ်နဲ့ အငြိမ်းစားလစာ ထုတ်ပေးနိုင်တဲ့ ဝန်ဆောင်မှု လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုတဲ့ အခမ်းအနားမှာ ပြောသွားတာပါ။ မိုဘိုင်းဖုန်းစနစ်နဲ့ လစာငွေထုတ်ပေးဖို့ ကနဦးစမ်းသပ်မှုကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာ ပြုလုပ်ခဲ့ပြီး MPT၊ Telenor၊ Ooredoo၊ Mytel ဘယ်ဆင်းကတ် အသုံးပြုသူမဆို ပင်စင်လစာ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ပင်စင်စားတွေအနေနဲ့ လစာငွေကို Wave Money ကနေ တကြိမ်တည်းဖြစ်စေ နှစ်ကြိမ်ခွဲပြီးဖြစ်စေ ထုတ်ယူနိုင်မှာဖြစ်ပြီး သုံးကြိမ်မြောက် ခွဲထုတ်ရင်တော့ သတ်မှတ်နှုန်းထားအတိုင်း ဝန်ဆောင်ခ ပေးဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံတဝန်း ပင်စင်စားဦးရေ ၇၃၀,၀၀၀ ကျော်လောက်ရှိပြီး ဒီအထဲက သုံးပုံတပုံကျော်လောက်က ရန်ကုန်တိုင်းဒေသကြီးထဲမှာ နေထိုင်ကြပါတယ်။ ပင်စင်စားတွေ ဒုတိယအများဆုံး ရှိတာကတော့ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး ဧရာဝတီတိုင်းမှာတော့ တတိယအများဆုံး နေထိုင်ကြတယ်လို့  သိရပါတယ်။
2 years Ago

February 9, 2018

အငြိမ်းစားဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ရာ ယခုလအတွင်း ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသအတွင်းက အငြိမ်းစားယူသွားတဲ့ ဝန်ထမ်းတွေ အိမ်ရာပိုင်ဆိုင်ဖို့ ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာတွေကို အခုနှစ် ဖေဖော်ဝါရီလထဲမှာ ရောင်းချပေးသွားမယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး တန်းဖိုးနည်း အိမ်ရာတွေကို ၁၅ ရာခိုင်နှုန်း ပေးသွင်းပြီး စနစ်နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၉ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒအမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ အငြိမ်းစားယူသွားတဲ့ ဝန်ထမ်းတွေ အခက်အခဲမရှိစေဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ပြန်လည် ဖြေကြားခဲ့တာပါ။
3 years Ago
Up