အကြမ်းဖက်အုပ်စုများ ခြေမှုန်းရေး တကမ္ဘာလုံး ညီညွတ်ကြရန် တူရကီသမ္မတ တိုက်တွန်း

July 1, 2016

အကြမ်းဖက်အုပ်စုများ ခြေမှုန်းရေး တကမ္ဘာလုံး ညီညွတ်ကြရန် တူရကီသမ္မတ တိုက်တွန်း

အကြမ်းဖက် အုပ်စုများကို ချေမှုန်းရေးမှာ တကမ္ဘာလုံးက ညီညွတ်ကြဖို့ တူရကီ သမ္မတ အာဒိုဂံက ဇွန် ၃၀ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာမှာ စတုတ္ထအရှည်ဆုံး ဖြစ်လာတဲ့ အိုစမာ ဂါဇီ တံတာကြီး ဖွင့်ပွဲ အခမ်းအနားမှာ တူရကီ သမ္မတက အခုလို တိုက်တွန်းလိုက်တာပါ။ တူရကီရဲ့ရပ်တည်ချက်က အကြမ်းဖက်မှုမှန်သမျှ၊ အကြမ်းဖက်အဖွဲ့အစည်း မှန်သမျှ အားလုံးကို ဆန့်ကျင်တဲ့အကြောင်း၊ တခြားနိုင်ငံတွေကလည်း တူရကီနဲ့အတူ ရပ်တည်မယ်လို့ မျှော်လင့်တဲ့အကြောင်း အာဒိုဂံက ပြောပါတယ်။ အစ္စတန်ဘူလ် လေဆိပ်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တာကို ကြည့်ရင် တူရကီအနေနဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေးမှာ အခုထက် ပြတ်သားဖို့ လိုနေတယ်ဆိုတာကို သက်သေပြလိုက်တာပဲလို့ အာဒိုဂံက ပြောပါတယ်။ အစ္စတန်ဘူးလ် လေဆိပ်မှာ ဇွန် ၂၈ ရက်နေ့က အသေခံ ဗုံးခွဲသမား ၃ ဦးက ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ ၄၄ ဦးသေဆုံးပြီး ၂၃၈ ယောက် ဒဏ်ရာရခဲ့အပြီးမှာ တူရကီ ၀န်ကြီးချုပ်က အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
7 years Ago
Up