အကြမ်းဖက်သမားများ ဆက်သွယ်ရေးအတွက် လျှို့ဝှက်စရာနေရာ မရှိသင့်ဟု ဗြိတိန် ပြော

March 28, 2017

အကြမ်းဖက်သမားများ ဆက်သွယ်ရေးအတွက် လျှို့ဝှက်စရာနေရာ မရှိသင့်ဟု ဗြိတိန် ပြော

ဗြိတိန် ပြည်ထဲရေးဝန်ကြီး အန်ဘာရုဒ်က အကြမ်းဖက်သမားတွေရဲ့ ဆက်သွယ်ရေးအတွက် လျှို့ဝှက်စရာနေရာ မရှိသင့်ဘူး၊ WhatsApp အပလီကေးရှင်းလိုမျိုး သတင်းအချက်အလက် ဖုံးကွယ်နိုင်တဲ့ ဝန်ဆောင်မှုတွေဟာ လုံးဝ လက်သင့်မခံနိုင်စရာဘဲလို့ မတ်လ ၂၆ ရက်က ပြောလိုက်ပါတယ်။ လန်ဒန်မြို့လယ် လွှတ်တော်အနားမှာ ရဲတဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့တဲ့ တိုက်ခိုက်မှု မတိုင်ခင်မှာ တိုက်ခိုက်သူ ခါလစ်မာဆွတ်ဟာ အချက်အလက် ဖုံးကွယ်ထားတဲ့ သတင်း မက်ဆေ့ခ်ျကို WhatsApp အပလီကေးရှင်းသုံးပြီး ပေးပို့ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ အကြမ်းဖက်သမားတွေ ပုန်းအောင်းဖုံးကွယ်နိုင်တဲ့နေရာ မရှိသင့်ဘူးလို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ WhatsApp လိုမျိုး အဖွဲ့အစည်းတွေနဲ့ တခြား မြောက်မြားစွာသော ဝန်ဆောင်မှုတွေက အကြမ်းဖက်သမားတွေအချင်းချင်း ဆက်သွယ်နိုင်တဲ့ လျှို့ဝှက်နေရာတွေ ဖန်တီးမပေးတာ သေချာအောင်လုပ်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။ ထောက်လှမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ WhatsApp လို အခြေအနေမျိုးကို ထိုးဖောက် ရယူနိုင်စွမ်း ရှိသင့်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။
5 years Ago
Up