အကြမ်းဖက်မှုကြောင့် ဂရိဖလားပြိုင်ပွဲများ ဖျက်သိမ်း

A d v e r t i s e m e n t With Us

March 4, 2016

အကြမ်းဖက်မှုကြောင့် ဂရိဖလားပြိုင်ပွဲများ ဖျက်သိမ်း

အကြမ်းဖက်မှုတွေကြောင့် ဒီနှစ်ဘောလုံးရာသီ ဂရိဖလားပြိုင်ပွဲတွေကို မတ် ၃ ရက်မှာ အစိုးရက ဖျက်သိမ်းလိုက်ပါတယ်။ မတ် ၂ ရက်မှာ ဂရိဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အိုလံပီယာကော့စ်နဲ့ ဆလွန်နီကာပွဲစဉ်မှာ လူအုပ်လိုက် အကြမ်းဖက်မှု ဖြစ်ပွားခဲ့လို့ ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။ အိုလံပီယာကော့စ်က ၂ ဂိုး ၁ ဂိုးနဲ့ ပွဲကို ဦးဆောင်နေချိန်မှာ ပင်နယ်တီမပေးတဲ့အတွက် ဆလွန်နီကာ ပရိသတ်တွေက မီးကျည်တွေ ပစ်ဖောက်ခဲ့သလို ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ ဂရိ လက်ထောက်အားကစားဝန်ကြီးက ဘောလုံးပြိုင်ပွဲအားလုံးကို ရပ်ဆိုင်းဖို့ ထောက်ခံချက် ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါလိဂ်နဲ့ တခြား လိဂ်ပြိုင်ပွဲတွေကတော့ ဆက်လက်ကျင်းပမယ်လို့ ဆိုပါတယ်။
5 years Ago
Up