ပီရူးနိုင်ငံရှိ နတ်ဆရာတွေက ဥရောပမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့က ဟောကိန်းထုတ်လိုက်ပါတယ်။
လီမာမြို့တောင်ပိုင်း မိုရိုစိုလာ တောင်ကုန်းပေါ်က ပစိဖိတ်ရဲ့ ခရစ်တော် အထိမ်းအမှတ် ရုပ်တုခြေရင်းမှာ သူတို့ရဲ့ နှစ်ကုန်ချိန် ရိုးရာနတ်ပူဇော်ပွဲအတွင်း ခုလို ဟောကိန်းထုတ်ခဲ့တာပါ။
အင်ဒီးစ် တိုင်းရင်းသားတွေရဲ့ လေမှုတ်တူရိယာကို မှုတ်ရင်း ကခုန် သီဆိုခဲ့ကြပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ ကျူးဘားသမ္မတ ရာအူးကတ်စ်ထရို၊ အာဂျင်တီးနားသမ္မတ မောင်ရီစီယို မာခရီ၊ ဘိုလီးဗီးယား သမ္မတ အီဗိုမိုရေးစ်နဲ့ ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုတို့ရဲ့ ဓာတ်ပုံတွေကို နတ်ဆရာတွေက အာရုံစိုက်ထားပါတယ်။
နတ်ဆရာ ဟွမ် အော့စကိုက ဗင်နီဇွဲလားသမ္မတ ရုန်းကန်ရမယ့် တနှစ်တာနဲ့ အာဂျင်တီးနား သမ္မတသစ်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံအနာဂတ် အပြုသဘောဆောင်တာကို မြင်တယ်လို့ ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။
ဘိုလီးဗီးယားသမ္မတကိုတော့ ဥပဒေက မျက်နှာသာပေးတယ်လို့ ပြောပါတယ်။
အမေရိကန်က ကျူးဘားကို စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိမ့်မယ်၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဗလစ်ကင်ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲ နိုင်မှာမဟုတ်ဘူးလို့လည်း သူကပြောပါတယ်။
ပီရူးနတ်ဆရာတွေရဲ့ ဝတ်ပြုဆုတောင်းမှုတွေနဲ့ ဟောကိန်းတွေဟာ ပီရူးနိုင်ငံသားတွေကြားက အစဉ်အလာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်သားလာခဲ့ကြပါတယ်။
7 years Ago