အကြမ်းဖက်မှု

A d v e r t i s e m e n t With Us

June 13, 2019

ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ပြီး အကြမ်းဖက်မှုဖြစ်ပွား (ရုပ်သံ)

ဟောင်ကောင်မှာ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးကနေ ဇွန်လ ၁၂ ရက်နေ့မှာတော့ အကြမ်းဖက်မှုနဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဟောင်ကောင် ဥပဒေပြုကောင်စီရုံးထဲ ဝင်ရောက်ဖို့ ကြိုးပမ်းရာကနေ အကြမ်းဖက်မှု ဖြစ်ခဲ့တာပါ။ သူတို့က အတားအဆီးတွေကို ဖယ်ရှားပြီး အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရာနဲ့ချီတဲ့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေ ထွက်လာပြီး ဆန္ဒပြသူတွေကို ရှင်းလင်းခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းမယ်လို့ သတိပေးပြီးနောက် ငရုတ်ကောင်း စပရေးတွေ၊ နံပါတ်တုတ်တွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။ သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ ဥပဒေပြုကောင်စီအနီး စုဝေးပြီး တချို့ကလည်း ရဲတွေကို ထီးတွေနဲ့ ရိုက်နှက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူတွေကို ရာဘာကျည်၊ မျက်ရည်ယိုဗုံးတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်အစိုးရက သံသယရှိတဲ့လူတွေကို တရုတ်ပြည်မကြီးဆီ လွှဲပေးပြီး တရားစီရင်တာကို ခွင့်ပြုမယ့် ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို နောက်ထပ် သတင်းမထုတ်ပြန်မချင်း အချိန်ရွှေ့ဆိုင်းမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။ အဲဒီ ဥပဒေပြုကောင်စီကို တရုတ်ပြည်မကြီးအစိုးရ ထောက်ခံသူ အများစုက လွှမ်းမိုးထားပါတယ်။
2 years Ago

June 6, 2019

နိုင်ငံတွင်း အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးနေဟု ဆူဒန်စစ်ကောင်စီ ပြော

ဆူဒန်နိုင်ငံက လက်ရှိအာဏာရ အသွင်ကူးပြောင်းရေး စစ်ကောင်စီက နိုင်ငံတွင်း လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးနေပြီလို့ ဇွန်လ ၅ ရက်မှာ ပြောပါတယ်။ ကောင်စီဟာ မြန်ဆန်တဲ့ ရလဒ်တွေရဖို့ ပွင့်လင်းမြင်သာပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး စလုပ်နေပြီလို့ ကောင်စီရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မိုဟမ်မဒ် ဟမ်ဒန် ဒါဂါလိုက ပြောပါတယ်။ ဘယ်သူမှ အပြစ်ပေးမခံရဘဲ လွတ်သွားမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ ခါတွန်မြို့လယ်ခေါင်က သပိတ်စခန်းကို လုံခြုံရေးတပ်က ဝင်စီးအပြီး နောက်ဆက်တွဲ မငြိမ်သက်မှုတွေအတွင်း လူအယောက် ၆၀ ထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ အတိုက်အခံတွေနဲ့ အဆက်အသွယ်ရှိတဲ့ ဆေးဘက်ဝန်ထမ်းတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှားရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ရင်း လူထုက လချီပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြလို့ သမ္မတကို စစ်တပ်က ဧပြီလမှာ ဖယ်ရှားခဲ့ပါတယ်။ အခုစီးနင်းမှုဟာ စစ်တပ်က သမ္မတကို ဖယ်ရှားအပြီး အဆိုးဆုံး အကြမ်းဖက်မှုပါ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘယ်သူဦးဆောင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သြဇာကြီးတဲ့ စစ်ခေါင်းဆောင်တွေနဲ့ အတိုက်အခံ အုပ်စုတွေကြား သီတင်းပတ်ချီ ဆွေးနွေးပွဲတွေလည်း လိပ်ခဲတည်းလည်း ဖြစ်နေပါတယ်။
2 years Ago
More News
Up