ဂါဇာကမ်းမြောင်ကနေ အစ္စရေးနိုင်ငံထဲအထိ မီတာရာနဲ့ချီ ရှည်လျားတဲ့ စစ်သုံးဥမင်လှိုဏ်ခေါင်းသစ်တခုကို တွေ့ရှိခဲ့တဲ့အတွက် ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဧပြီ ၁၈ ရက်နေ့က ပြောပါတယ်။
ပါလက်စတိုင်းစစ်သွေးကြွတပ်ဖွဲ့ဖြစ်တဲ့ ဟားမတ်တပ်ဖွဲ့က ဖောက်လုပ်ထားတဲ့ လှိုဏ်ခေါင်းဖြစ်ပြီး အစ္စရေးနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ ဖောက်ထားတာလို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း ဟားမတ်စ်တပ်ဖွဲ့ကတော့ အဲ့ဒီဥမင်လှိုဏ်ခေါင်းဟာ အသုံးမပြုတော့တဲ့ လှိုဏ်ခေါင်းအဟောင်းကြီးဖြစ်တယ်လို့ ပြောဆိုပါတယ်။
၂၀၁၄ ခုနှစ်က အစ္စရေးနဲ့ ဟားမတ်စ်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလို လှိုဏ်ခေါင်းမျိုးကို ပထမဆုံးတွေ့ရှိ ဖျက်ဆီးခဲ့တာပါ။
အဲ့ဒီ ရက် ၅၀ ကြာ စစ်ပွဲအပြီး အစ္စရေးစစ်တပ်က ဖျက်ဆီးခဲ့တဲ့ အခုလို လှိုဏ်ခေါင်း ၃၀ ကျော်ရှိပါတယ်။
အဲ့လိုလှိုဏ်ခေါင်းတွေကနေတဆင့် အစ္စရေးတပ်ဖွဲ့ဝင်တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့မှုတွေမှာ အစ္စရေးတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ပါတယ်။
၂၀၁၄ အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ပါလက်စတိုင်း ၂ ထောင်ကျော်သေဆုံးခဲ့ပြီး အစ္စရေးဘက်ကတော့ အစ္စရေးစစ်သား ၆၇ ဦးနဲ့ အရပ်သား ၆ ဦး သေဆုံးခဲ့ကြပါတယ်။
5 years Ago