အကြမ်းဖက်စီးနင်းတိုက်ခိုက်

A d v e r t i s e m e n t With Us

November 9, 2016

အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ရွာသား၂ ဦးကို ဖမ်းဆီးခေါ်ဆောင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက နေအိမ်တအိမ်ကို အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေ ရောက်ရှိလာပြီး နေအိမ်တံခါးကို ရိုက်ချိုးဖျက်ဆီး နေအိမ်ကိုမီးရှို့ကာ လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  မြဝတီသတင်းမှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီလောက်က မောင်တောမြို့နယ် ဇင်ပိုင်ညာကျေးရွာအုပ်စု၊ ဖူခါလီကျေးရွာနေ နူမာမောက်ရဲ့ နေအိမ်ကို ဇင်ပိုင်ညာကျေးရွာနေ ဂေါ်ဇီရာမောက်၊ ဂျူဘိုင်၊ နူရူစလန်နဲ့ ရာဖစ်တို့ ဦးဆောင်တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၅ ဦးလောက် ရောက်ရှိလာပြီး နေအိမ်တံခါးကို တုတ်၊ ဓားတွေနဲ့ ရိုက်ချိုးဖျက်ဆီး နေအိမ်ကို မီးရှို့ကာ ဖိုက်ဇယနဲ့ မာမွတ်ဖာရိုတို့ ညီအစ်ကို ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ဒီအကြမ်းဖက်သူတွေကို အချိန်မီဖမ်းဆီးနိုင်ရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေအိမ်နဲ့ အနီးပတ်ဝန်းကျင်ကို ရှင်းလင်းခဲ့ရာ ည ၁၂ နာရီခွဲမှာ နေအိမ်ရဲ့ အနောက်ဘက်လယ်ကွင်းအစပ်မှာ မာမွတ်ဖာရိုကို ဓားပြတ်ရှဒဏ်ရာ ၁၁ ချက်၊ ထိုးသွင်းဒဏ်ရာ၂ ချက်နဲ့ တွေ့ရလို့ မောင်တောပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေကို ဖမ်းဆီးရမိနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်း ဆောင်ရွက်နေတယ်လို့ မြဝတီသတင်းမှာ ဖော်ပြပါတယ်။
4 years Ago

October 14, 2016

ဝါးပိတ်ရွာအနီး အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁ ဦးနှင့် သေနတ် ၁ လက် ဖမ်းမိ

  ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ၀ါးပိတ်ကျေးရွာနားမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းစဉ် အောက်တိုဘာ ၁၂ ရက်ညက  ၀ါးပိတ်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာက  တောင်ကုန်းမှာ  ၀ါးပိတ်ကျေးရွာနေ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ဖော်ဆော်လာမောက် ဆိုသူကို ဖမ်းဆီးရမိခဲ့တာပါ။ အောက်တိုဘာလ ၁၃ ရက်ကလည်း  အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေ မီးရှို့ဖျက်ဆီး သွားခဲ့တဲ့ ၀ါးပိတ်ကျေးရွာထဲ အသေးစိတ်ထပ်မံရှင်းလင်းရာမှာ  မီးလောင်ထားတဲ့  MA-11 အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၁ ခု၊ ကျည်မျိုးစုံ ၁၅၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း တစုံ၊ RSO အလံ ၂၄ ခု၊  RSO တံဆိပ်ပါ လည်စည်း ၄၀ ခုနှင့် ဓားရှည်တချောင်းတို့ကို  ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။  
4 years Ago
Up