အကြမ်းဖက်မှုပြုလုပ်ရန် ကြံစည်မှု သံသယဖြင့် လူ ၄ ဦးကို ဗြိတိန်ရဲ ဖမ်းဆီး

December 20, 2017

အကြမ်းဖက်မှုပြုလုပ်ရန် ကြံစည်မှု သံသယဖြင့် လူ ၄ ဦးကို ဗြိတိန်ရဲ ဖမ်းဆီး

ဗြိတိန် အကြမ်းဖက်မှု တန်ပြန်ဆောင်ရွက်ရေး ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်မှု ပြုလုပ်ရန် ကြံစည်မှုနဲ့ သံသယရှိသူ ၄ ဦးကို ဒီဇင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ဒါ့အပြင် အင်္ဂလန်မြောက်ပိုင်းရှိ နေအိမ်တအိမ်ဆီကိုလည်း ဗြိတိန်စစ်ဘက် ဗုံးရှင်းလင်းရေး အဖွဲ့တဖွဲ့ စေလွှတ်ခဲ့ပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေဟာ ရှက်ဖီးလ်မြို့ရှိ နေအိမ်တွေကို ဝင်ရောက်စီးနင်းပြီးနောက် အသက် ၂၂၊ ၃၆ နဲ့ ၄၁ နှစ်အရွယ် အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ချက်စတာဖီးလ်မြို့အနီးရှိ နေအိမ်တအိမ်က အသက် ၃၁ နှစ်အရွယ် အမျိုသားတဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ချက်စတာဖီးလ်မြို့အနီးရှိ နေအိမ်ကို ဗုံးရှင်းလင်းရေးအဖွဲ့ စေလွှတ်ပြီးနောက် အနီးဝန်းကျင် နေထိုင်သူတွေကို ကြိုတင်သတိပေးပြီး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ အကြမ်းဖက်မှုပြုလုပ်ရန် ကြံစည်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောကြားခြင်း မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up