တရုတ်နိုင်ငံမြောက်ပိုင်းက၊ ဟေးဘေး Hebei ပြည်နယ်မှာ အသက် ၆ နှစ်အရွယ် ယောကျာ်လေးတဦး အနက်မီတာ ၄၀ ရှိတဲ့ အစီစိတွင်းထဲ ကျသွားလို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ၀ိုင်းဝန်ကယ်ဆယ်နေကြပါတယ်။
ကလေးငယ်ဟာ တနင်္ဂနွေနေ့မနက်ပိုင်းကတည်းက ကျသွားခဲ့တာဖြစ်လို့ ၄ ရက်ကြာတဲ့အထိ မကယ်ထုတ်နိုင် သေးပါဘူး။
မြေသယ်ယာဉ်နဲ့ မြေတူးစက် အစီး ၁၆၀ ကျော်နဲ့ ကြိုးစားကယ်ထုတ်နေကြပါတယ်။
မောင်နှမ ၂ ယောက် ကစားရင်း အ၀ီစိတွင်းထဲ ကျသွားတာလို့ ဖခင်ဖြစ်သူကပြောဆိုပြီး ကလေးရဲ့လက်ရှိအခြေအနေကိုလည်း သေချာမသိသေးပါဘူး။
ကလေးကျသွားတဲ့ အ၀ီစိတွင်းအကျယ် ၃၀ စင်တီမီတာပဲရှိပြီး အောက်စီဂျင်၊ အစာနဲ့ ရေ ပေးပို့ထားတယ်လို့ဆိုပါတယ်။ ဒီအ၀ီစိတွင်းကို မသုံးကြတော့တာ ၅ နှစ်လောက်ရှိပြီဖြစ်ပြီး တွင်းပျက်နဲ့ ပတ်သက်ပြီး သတိပေးတားမြစ်ချက်တွေလည်း မရှိပါဘူး။
ဒေသခံစေတနာ့ဝန်ထမ်းတွေလည်း ကလေးကို ကယ်ထုတ်ရေးမှာ ပါဝင်ကူညီပေးနေကြပါတယ်။
တရုတ်အင်တာနက်လူမှုကွန်ရက်တွေမှာလည်း ကလေးငယ်ကို ဘေးမသီရန်မခ ကယ်ထုတ်နိုင်ဖို့ လူအများအပြားက ဆုမွန်ကောင်းတောင်းနေကြပါတယ်။
6 years Ago