တရုတ်နိုင်ငံမှ ၉ နှစ်အရွယ်ကလေးငယ် ဟီရှောင်ဖေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။
သူဟာ ၉ နှစ်အရွယ်သာရှိသေးပြီး သူ့ရဲ့ ကိုယ်အလေးချိန် လျှော့ချဖို့ ရည်ရွယ်ကာ လက်တင်အက လေ့ကျင့်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာတွေပေါ် မျှဝေခဲ့ရာမှတဆင့် အွန်လိုင်းနာမည်ကျော်တယောက် ဖြစ်လာခဲ့တာပါ။
သူဟာ အရပ် ၁ ဒသမ ၄ မီတာ အမြင့်ရှိပြီး ကိုယ်အလေးချိန် ၆၅ ကီလိုဂရမ်ရှိတာမို့ ကိုယ်အလေးချိန် လျှော့ချဖို့ ရည်ရွယ်ပြီး လက်တင်အကလေ့ကျင့်ခန်းကို ၂ နှစ်ကြာ လေ့ကျင့်ခဲ့တာပါ။
ခုနောက်ဆုံးထွက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ သူဟာ အကလေ့ကျင့်ဖော် ကောင်မလေးတဦးနဲ့အတူ ပေါ့ပါးသွက်လက်စွာ ကပြနိုင်ခဲ့ပြီးနောက်မှာ တကျော့ပြန် ရေပန်းစားခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဟီရှောင်ဖေးဟာ လိုက်လျောညီထွေဖြစ်အောင် စည်းချက်နဲ့အညီ ပေါ့ပေါ့ပါးပါး လေ့ကျင့်ကပြခဲ့တာကို တွေ့ရပါတယ်။
5 years Ago