အွန်လိုင်းပန်းချီပြပွဲ

July 19, 2021

အောက်ဆီဂျင်အလှူအတွက် Art For Oxygen အွန်လိုင်းပန်းချီပြပွဲ ကျင်းပမည်

       လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကပ်ဘေးကာလမှာ လူနာတွေအတွက် လိုအပ်တဲ့ ‌အောက်ဆီဂျင်အခက်အခဲကို တထောင့်တနေရာက ဖြေရှင်းနိုင်ဖို့ အွန်လိုင်းပန်းချီ ပြပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။

Art For Oxygen လို့ အမည်ပေးထားတဲ့ ဒီပြပွဲကိုတော့ မနက်ဖြန် ဇူလိုင် ၂၀ ရက် ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး KZL Art Studio & Gallery ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

    ဒီပြပွဲမှာတော့ ဝါရင့်ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဆရာကြီး ဦးအောင်မြင့်တို့က စ လို့ ထင်ရှားတဲ့ ပန်းချီဆရာတွေ၊ ထွန်းသစ်စ ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ရာနဲ့ချီ တစုတစည်းထဲ ကြည့်ရှူခံစားနိုင်မှာဖြစ်ပြီး ပန်းချီဆရာက အောက်ဆီဂျင်အလှူအတွက်  ၁၀၀% အပြည့် လှူဒါန်းထားပြီး ပြခန်းကလည်း အကျိုးအမြတ်လုံးဝ မယူဘဲ အလှူဖြစ် မြောက်ရေးအတွက် ပြသရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းရငွေတွေအားလုံးကို တကျပ်မှအပွန်းအပဲ့မခံဘဲ အောက်ဆီဂျင်ရရှိရေးအ တွက်  ချက်ချင်းလှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။

အောက်ဆီဂျင်အလှူအတွက် ပန်းချီကားဝယ်ယူလိုသူတွေအနေနဲ့ မိုဘိုင်းဘဏ်ငွေ ပေးချေမှု စနစ်နဲ့လည်း ဝယ်ယူနိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ပန်းချီပြခန်းဖေ့စ်ဘွတ်ခ်ကတဆင့်ဖြစ်စေ၊ အရောင်းတာဝန်ခံဖုန်း 09-950715859 ၊ 09- 424607080 တို့ကိုဖြစ်စေ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

2 years Ago

December 20, 2020

မြန်မာအင်နီယာများ မွေးဖွားရာ GTI ပညာ‌ရေး ၁၂၅ နှစ်ပြည့် အွန်လိုင်းပန်းချီပြပွဲ ပြုလုပ် (ဓာတ်ပုံ)

မြန်မာအင်နီယာတွေ စတင်မွေးဖွားရာ GTI ပညာ‌ရေး ၁၂၅ နှစ်ပြည့် အမှတ်တရ အွန်လိုင်းပန်းချီပြပွဲကို  Yadana Art Studio ပန်းချီပြခန်း ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ ပြုလုပ်နေပါတယ်။ ဒီပြပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် ကနေ  ၃၀ ရက်နေ့အထိ ၁၅ ရက်တိတိ ပြသသွားမှာပါ။  ပန်းချီ ဆရာ ဆရာမ ၃၀ ကျော်ရဲ့ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် လက်ရာ ပန်းချီ ကားပေါင်း ၁၀၀ ကျော်ကို ပြသထားပြီး ပန်းချီကား ၁ ကားကို ကျပ် ၃ သောင်းကနေ ၁၅ သိန်းအထိ တန်ဖိုး သတ်မှတ်ထားပါတယ်။  ပန်းချီကားတွေကို Yadana Art Studio & Gallery FB Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ သတင်း၊ ဓာတ်ပုံ - မောင်တူး
2 years Ago
Up