အွန်လိုင်းဓာတ်ပုံပြပွဲ

June 30, 2020

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁ နှစ်ပြည့် အွန်လိုင်းဓာတ်ပုံပြပွဲ ကျင်းပမည်

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသ  ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းဝင်တဲ့ တနှစ်ပြည့်အထိမ်းအမှတ် အွန်လိုင်းဓာတ်ပုံပြပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပြပွဲကိုတော့ Bagan in Our Heart Facebook Page ကတဆင့် လာမယ့် ဇူလိုင် ၆ ရက်မှ  ၁၂ ရက်အထိ  ၇ ရက်ကြာကျင်းပမယ်လို့ ပြပွဲစီစဉ်သူတွေက ကြေညာထားပါတယ်။ ပုဂံဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ဇွန် ၃၀ ရက် မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့(UNESCO) ရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ဇူလိုင်လ ၆ ရက်နေ့မှာ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပျူမြို့ဟောင်း ၃ မြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ မြို့ဟောင်းတွေကို ပြီးခဲ့တဲ့ ၂၀၁၄  ဇွန် ၂၂ ရက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကတော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် သတ်မှတ်ခံရတာပါ။
11 months Ago
Up