အွန်လိုင်းဂီတဖျော်ဖြေပွဲ

October 22, 2020

တင်ဇာမော်၊ ဂျူဝယ်လ်၊ ဖြိုးပြည့်စုံတို့ပါဝင်မည့် အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်

ပရိသတ်အချစ်တော် တေးသံရှင်တွေဖြစ်ကြတဲ့ တင်ဇာမော်၊ ဂျူဝယ်လ်နဲ့ ဖြိုးပြည့်စုံတို့ ပါဝင်ကြမယ့် အွန်လိုင်းဂီတဖျော်ဖြေပွဲတခုကို လာမယ့် အောက်တိုဘာ ၂၉ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ High-Street Live Concert လို့ အမည်ပေးထားတဲ့ ဒီပွဲကိုတော့ ဖျော်ဖြေပွဲကြီးတွေ မကျင်းပနိုင်သေးခင်ကာလမှာ ပုံမှန်အတိုင်းဖျော်ဖြေတဲ့ ဂီတဖျော်ဖြေပွဲလိုမျိုး ခံစားနိုင်ဖို့ Virtual Live Music Concert အနေနဲ့ MPT နဲ့ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ည ၈ နာရီတိတိမှာ တိုက်ရိုက်လိုက်ဖ်ဖျော်ဖြေသွားကြမယ့် ဒီဂီတဖျော်ဖြေပွဲကို တော့ MPT နဲ့ High Street Live Concert တို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနု သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလမ်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီနောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောကကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ လက်ရှိ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဂျူဝယ်လ်နဲ့ ဖြိုးပြည့်စုံတို့ကိုလည်း ပရိသတ်တွေကို အထူးမိတ်ဆက်ပြောပြပေးစရာလိုမယ် မထင်ပါဘူး။ သူတို့ ၂ ယောက်လုံးကတော့ ရွက်ပုန်းသီးဂီတကြယ်ပွင့်တွေ မွေးထုတ်ပေးရာ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Best of Melody World သီ ချင်းဆိုပြိုင်ပွဲကတဆင့် ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့သူတွေ ဖြစ်ပါတယ်။ အလွမ်းအဆွေး သီချင်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။ ဂျူဝယ်လ်ကတော့ အလွမ်းမှတ်တိုင်၊ မချစ်ချင်တော့ပြီစတဲ့ တကိုယ်တော် သီချင်းတွေအပြင် ကောင်းကောင်းနဲ့ စုံတွဲသီဆိုထားတဲ့ ပျော်နေပါ၊ ဖြိုးပြည့်စုံနဲ့ စုံတွဲသီဆိုထားတဲ့ အချစ်ဦးစတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူတဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျူဝယ်လ်ဟာ တကိုယ်တော်တေးအယ်လ်ဘမ်တချပ်လည်း ထွက်ရှိထားခဲ့ပြီဖြစ်ကာ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်၊ ပပဝတီစီရင်ခန်း ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းတွေနဲ့လည်း ပရိသတ်အားပေးမှုတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ခုတခါမှာတော့ သူတို့ ၃ ယောက် ထူးထူးခြားခြား တွဲဖက်သီဆိုဖျော်ဖြေကြမယ့် High-Street Live Concert မှာ ပရိသတ်တွေကို ဘယ်သီချင်းတွေနဲ့ ဖျော်ဖြေပြီး ဖမ်းစား ထားနိုင်ဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
11 months Ago

September 14, 2020

ကိုရီးယား F4 မင်းသား ဂျီဟို အွန်လိုင်းဂီတဖျော်ဖြေပွဲ ကြည့်ရှုနိုင်

       ကိုရီးယား F4 ရုပ်သံစီးရီးစ်ထဲမှာ ပါဝင်တဲ့ ဂျီဟိုဇာတ်ကောင်အနေနဲ့ မြန်မာပရိသတ်တွေ ရင်းနှီးကြတဲ့ သရုပ်ဆောင်အဆိုတော် ကင်ဟွန်ဂျွန်းရဲ့ အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။        နာမည်ကျော် ကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ SS 501 အဖွဲ့ရဲ့ အဖွဲ့ဝင်တ ယောက်လည်းဖြစ်တဲ့ ကင်ဟွန်ဂျွန်းရဲ့ ဖျော်ဖြေပွဲကို မြန်မာနိုင်ငံက ကြည့်ရှုလိုတဲ့ ပရိ သတ်တွေကတော့ လက်မှတ်တွေကိုတော့ Myanpwel ကတဆင့် ကြိုတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းကိုတော့ တစောင်ကို ကျပ် ၄၅,၀၀၀ နှုန်းသတ်မှတ်ထားပြီး လာ မယ့် စက်တင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားဝယ်ယူနိုင်မှာဖြစ်တယ်လို့  ကြေညာထားပါတယ်။        အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကင်ဟွန်ဂျွန်းဟာ ၂၀၀၅ ခုနှစ်မှာ SS 501 အ ဖွဲ့ဝင်တယောက်အနေနဲ့ ဂီတအနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့ပြီး အဖွဲ့ လိုက် ပထမဆုံးတေးအယ်လ်ဘမ် Warning ၊ ဒုတိယမြောက် မီနီတေးအယ်လ်ဘမ် Snow Prince တို့က သူတို့ကို ပရိသတ်အားပေးမှုအခိုင်အမာ ရရှိစေခဲ့ပြီး မျက်နှာသစ် အနုပညာထူးချွန်ဆုတွေ  ဆွတ်ခူးရရှိစေခဲ့ပါတယ်။        အဲဒီနောက် ၂၀၀၇ ခုနှစ်ထွက် Kokoro တေးအယ်လ်ဘမ်ကတော့ ဂျပန်ပရိသတ် တွေကြားမှာပါ အားပေးမှုတွေ မြင့်တက်ခဲ့ပြီး Japan Gold Disc Award ဆုချီးမြှင့်ပွဲမှာ မျက်နှာသစ်အနုပညာရှင်ဆု ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။        ၂၀၀၈ ခုနှစ်မှာတော့ ကင်ဟွန်ဂျွန်းဟာ F4 ချစ်သူဆိုပြီး မြန်မာပြည်မှာ နာမည်ကြီး တဲ့ Boys Over Flowers ဒရာမာရုပ်သံစီးရီးစ်ထဲမှာ ပါဝင်ပြီး သရုပ်ဆောင်အနုပညာဘက် မှာပါ အောင်မြင်မှုတွေ ရရှိခဲ့ပြန်ပါတယ်။        ဒီရုပ်သံစီးရီးစ်ဟာ ကိုရီးယားနိုင်ငံတင်မက တခြားအာရှနိုင်ငံတွေထိပါ လူသိများ အားပေးမှုတွေရရှိခဲ့ပြီး ကင်ဟွန်ဂျွန်းဟာ ဒီစီးရီးစ်နဲ့ ၂၀၀၉ ခုနှစ်မှာ Seoul International Drama Award ဆုနဲ့ Baeksang Arts Award ဆုတွေ အသီးသီး ရရှိခဲ့တာပါ။        အဲဒီနောက် ၂၀၁၁ ခုနှစ်မှာတော့ ကင်ဟွန်ဂျွန်းရဲ့ ပထမဆုံးသော ဆိုလိုတေးအယ် လ်ဘမ်ဖြစ်တဲ့ Break Down ထွက်ရှိနိုင်ခဲ့ပြီး ပထမဆုံးသော ဂျပန်လိုသီဆိုထားတဲ့ ဆိုလို တေးအယ်လ်ဘမ် Unlimited ကိုတော့ ၂၀၁၂ ခုနှစ်မှာ ထပ်မံထွက်ရှိနိုင်ခဲ့ကာ အားပေးတဲ့ ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့တဲ့ တေးအဘ်လ်ဘမ်တွေ ဖြစ်လာခဲ့ပါတယ်။        အဲဒီနောက်မှာတော့ ကင်ဟွန်ဂျွန်းဟာ ကိုရီးယားလိုရော ဂျပန်လိုပါ သီဆိုထားတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ သီဆိုရင်း နယ်လှည့်ဖျော်ဖြေမှုတွေ၊ ရုပ်သံဒရာမာ စီးရီးစ်တွေမှာ ပါဝင်သရုပ်ဆောင်မှုတွေနဲ့အတူ လက်ရှိအချိန်ထိ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ သူ့ရဲ့ A Bell of Blessing လို့ အမည်ပေးထားတဲ့ အွန်လိုင်း လိုက်ဖ်ဂီတဖျော်ဖြေပွဲကို အောက်တိုဘာလ ၃ ရက်နေ့ည မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။        လက်မှတ်ဝယ်ယူလိုတဲ့ ပရိသတ်တွေအနေနဲ့ ဖော်ပြပါ Myanpwel ရဲ့ အင်တာ နက်စာမျက်နှာ https://www.myanpwel.com/event/detail/2619/2020-kim-hyun-joong-from-the-distance-concert-a-bell-of-blessing?fbclid=IwAR0rj7ghHsteyr6hKGqE-kEd8s6N7xq3YP-Ww4l05E2W3X2O8dNIJY6UtLI  ကတဆင့် အသေးစိတ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။
1 year Ago
More News
Up