လတ်တလော ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် နာမည်ကြီး တ က္ကသိုလ်တခုဖြစ်တဲ့ ကိန်းဘရစ်ချ်တက္ကသိုလ်ရဲ့ စာသင်ချိန်တွေကို လာမယ့် ၂၀၂၁ ခုနှစ် စာသင်နှစ်ကာလထိ အွန်လိုင်းစနစ်အနေနဲ့ ပြောင်းလဲလိုက်ပြီလို့ ကြေညာထားပါတယ်။
တက္ကသိုလ်စာသင်ခန်းတွေကိုလည်း ပိတ်ထားခဲ့ပြီဖြစ်ကာ ခုလိုပြောင်းလဲလိုက်တဲ့ စနစ်ကြောင့် လူစုလူဝေးတွေကို ရှောင်ကြဉ်ပြီးသားဖြစ်စေပြီး လိုက်နာပြီးသားလည်း ဖြစ် စေမှာဖြစ်တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာတော့ “လတ်တလော ကူးစက်မြန်ကပ်ရောဂါ ကာ လအတွင်း တက္ကသိုလ်အနေနဲ့ သက်ဆိုင်ရာက ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ပြောင်းလဲသွားရမှာ ဖြစ်ကြောင်း”နဲ့ တကယ်လို့ လူစုလူဝေးတွေ ရှောင်ရှားကြဖို့ ဆက်လက်ပြီးတော့ လိုအပ်နေမယ်ဆိုရင်တော့ စာသင်ခန်းထဲ မျက်နှာချင်းဆိုင် ထိတွေ့ သင်ကြားမှုတွေအစား အွန်လိုင်းသင်ကြားမှုစနစ်ကို လာမယ့် စာသင်နှစ်အထိ ပြောင်းလဲ သွားမှာဖြစ်တယ်လို့ ဖော်ပြထားခဲ့တာပါ။
လက်ရှိမှာတော့ တက္ကသိုလ်ရဲ့ သင်ကြားမှုတွေအားလုံးကို ပြီးခဲ့တဲ့ မတ်လက တည်းက အွန်လိုင်းစနစ်အနေနဲ့ ပြောင်းလဲခဲ့ပြီး စာမေးပွဲကိုလည်း အွန်လိုင်းက ဖြေဆိုရ တော့မှာပဲ ဖြစ်ပါတယ်။
အွန်လိုင်းစနစ်ကို ပြောင်းလဲသွားပေမယ့်လည်း စာသင်ချိန်တွေအတွက် အခကြေး ငွေတွေကို ပုံမှန်အတိုင်းပဲ ပေးသွင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာတော့ ကိန်းဘရစ်ချ်တက္ကသိုလ်အနေဟာ ခုလိုစာသင်နှစ်ကာလ တ ခုလုံးကို အွန်လိုင်းစနစ် ပြောင်းလဲလိုက်တဲ့ ပထမဆုံး တက္ကသိုလ်တခု ဖြစ်လာခဲ့တာပါ။
9 months Ago