အွန်​လိုင်း​ပေါ်တွင် အမျိုးသမီး​များ လိင်​ပိုင်းဆိုင်​ရာ စော်​ကားခံနေရ

A d v e r t i s e m e n t With Us

June 19, 2019

အွန်​လိုင်း​ပေါ်တွင် အမျိုးသမီး​များ လိင်​ပိုင်းဆိုင်​ရာ စော်​ကားခံနေရ

အွန်​လိုင်း​ပေါ်မှာ အမျိုးသမီး​တွေအ​နေနဲ့ လိင်​ပိုင်းဆိုင်​ရာ ​စော်​ကားမှု​တွေနဲ့ ​တွေ့ကြုံ​နေ ရတာ​ကြောင့် အမျိုးသမီး​တွေ အင်​တာနက်​အသုံးပြုမှုကို ရပ်ဆိုင်းဖို့ တွန်းအား​ပေး​နေ တယ်​လို့ သုတေသန လေ့လာတွေ့ရှိချက်အရ သိရပါတယ်​။ မြန်မာနိုင်ငံမှာ အင်​တာနက်​နည်းပညာ အသုံးပြုတဲ့အ​လေ့အထနဲ့ပတ်​သက်​ပြီး ‘ဖန်​တီးရာ’ အဖွဲ့က မြို့နယ်ပေါင်း ​ ၆ မြို့နယ်​မှာ  ၆ လကြာ သု​တေသန​လေ့လာမှုတခု ပြုလုပ်​ တွေ့ရှိခဲ့တာ ပါ။ ​လေ့လာ​တွေ့ရှိချက်​​တွေအရ မြန်​မာနိုင်​ငံမှာ အင်​တာနက်​နည်းပညာနဲ့ပတ်​သက်​ရင်​ ​ဖေ့စ်​ဘုတ်ခ် လူမှုကွန်​ရက် အသုံးပြုသူက ​ကျေးလက်​​ဒေသ​တွေမှာ ပိုများတယ်လို့ သိရပါတယ်​။ အဲဒီထဲက ရာခိုင်​နှုန်းထက်​ဝက်​​ကျော်​က အမျိုးသား​တွေဖြစ်​ပြီး အမျိုးသမီး​တွေ အင်​တာနက်​ အသုံးပြုမှုက​တော့ နည်းပါး​နေတာ​တွေ့ရပါတယ်​။ သတင်း/ ဓာတ်​ပုံ-စုစု
2 years Ago
Up