အွန်လိုင်းပေါ်ကြည့်ရှုသူ ငါးသိန်းခန့်ရှိပြီး နာမည်ကြီးနေသည့် ရုံးခန်းထဲက စားဖိုမှူးမိန်းကလေး

September 27, 2017

အွန်လိုင်းပေါ်ကြည့်ရှုသူ ငါးသိန်းခန့်ရှိပြီး နာမည်ကြီးနေသည့် ရုံးခန်းထဲက စားဖိုမှူးမိန်းကလေး (ရုပ်သံ)

တရုတ်နိုင်ငံမှ မိန်းကလေးတဦးဟာ ရုံးခန်းတွင်းမှာရှိတဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပြီး ချက်ပြုတ်စားသောက်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ပြီးနောက်မှာ အွန်လိုင်းပေါ် နာမည်ကြီးနေပါတယ်။ သူ့ရဲ့နာမည်ကိုတော့ ရက်လို့ အမည်ပေးထားပြီး အွန်လိုင်းပေါ်မှာတော့ ရုံးခန်းထဲက စားဖိုမှူး မိန်းကလေးလို့ လူသိများနေတာပါ။ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ မိန်းကလေး အသုံးပြုတဲ့ ပစ္စည်းတွေဟာ တခြားပစ္စည်းတွေ မဟုတ်ဘဲ ရုံးအသုံးအဆောင်ပစ္စည်းတွေ ဖြစ်နေတာက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကွန်ပျူတာ စီပီယူပုံးကို မီးအပူပေး အသုံးပြုပြီး ဟော့ပေါ့လုပ်စားပြတာတွေ၊ ငါးကင်စားပြတာတွေဟာ တကယ့်ကို အံ့သြစရာတခု ဖြစ်နေတာပါ။ မိန်းကလေးဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဇန်နဝါရီလကတည်းက ဝေဘို တရုတ်လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ဝင်ရောက်ကြည့်ရှုကြသူ သန်းတဝက်လောက် ရှိလာခဲ့တာပါ။ သူက နိုင်ငံရဲ့ ပြင်ပကမ္ဘာမှာပါ လူသိများစေချင်တာမို့ ယူကျု အင်တာနက်စာမျက်နှာကို ဖေဖော်ဝါရီလမှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင်းမှာတော့ လူမှုကွန်ရက်စာမျက်နှာ တော်တော်များများကို အသုံးပြုခွင့် တားမြစ်ထားတာမို့ ခုလို ပြောင်းလဲလိုက်ချိန်မှာ ပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။
4 years Ago
Up