အွန်လိုင်းပေါ် ရေပန်းစားလာသည့် ရဲမေမိန်းမချော

A d v e r t i s e m e n t With Us

June 27, 2017

အွန်လိုင်းပေါ် ရေပန်းစားနေသည့် ထိုင်းနိုင်ငံ၏ အလှပဆုံး လုံခြုံရေးဝန်ထမ်း မိန်းကလေး (ရုပ်သံ)

ဂျွန်လို့ အမည်ရတဲ့ မိန်းကလေးတဦးဟာ ထိုင်းနိုင်ငံရဲ့ အချောမောအလှပဆုံး လုံခြုံရေးဝန်ထမ်း မိန်းကလေးတဦးအဖြစ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ သူ့ရဲ့နာမည်ရင်းကတော့ ဝမ်လဒါ ကန်သဖွန် ဂျာရန်ထောင်လို့ခေါ်ပြီး ဘန်ကောက်တက္ကသိုလ်မှ အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတဦးပါ။ ဂျွန်ဟာ မိဘတွေကို တဖက်တလမ်းက ကူညီနိုင်ဖို့ အချိန်ပိုင်း လုံခြုံရေးဝန်ထမ်းတဦးအဖြစ် လုပ်ကိုင်နေခဲ့တာဖြစ်ပြီး ဒါနိုင်း_ဒီအိပ်ခ်ျဘီအမည်နဲ့ တွစ်တာအသုံးပြုသူတဦးက ထိုင်းနိုင်ငံရဲ့ အလှပဆုံး လုံခြုံရေးလို့ နာမည်တပ်ဖော်ပြခဲ့ပြီး နောက်မှာ နာမည်ကြီးလာခဲ့တာပါ။ ဒါဟာ ရိုးသားစွာ လုပ်ကိုင်နေထိုင်တာဖြစ်ပြီး အတွေ့အကြုံသစ်တွေကို လေ့လာသင်ယူရတာ နှစ်သက်တဲ့ သူ့အတွက်တော့ ရှက်စရာမဟုတ်ဘူးလို့ ရန်ဂျစ်စ်မြို့ Future Park ဈေးဝယ်စင်တာမှာ အလုပ်လုပ်ကိုင်နေတဲ့ ဂျွန်က ဆိုပါတယ်။ ခုလိုမျိုး အလုပ်လုပ်တာဟာ သူ့အတွက် ပထမဆုံးမဟုတ်ဘဲ ၆ တန်းလောက်ကတည်းက ပီဇာဆိုင်တဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။
4 years Ago

January 23, 2017

အွန်လိုင်းပေါ် ရေပန်းစားနေသည့် ဒိုင်နိုဆောနှင့်တူသည့် မိကျောင်းကြီး (ရုပ်သံ)

အမေရိကန်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်အုပ်စုတစုအနီးက ဖြတ်သွားခဲ့တဲ့ မိကျောင်းကြီးတကောင်ဟာ အံ့သြလောက်စရာ ဂျူရာ့ဆစ်ခ်ခေတ် ဒိုင်နိုဆောကြီးတကောင်နဲ့ တူနေခဲ့တဲ့အတွက် အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ခရီးသွားဧည့်သည်တွေဟာ သူတို့နဲ့ အကွာအဝေး နီးနီးကပ်ကပ်ကနေ ဖြတ်သွားခဲ့တဲ့ အရှည် ၁၂ ပေလောက်ရှိတဲ့ မိကျောင်းကြီးကို အံ့အားတသင့် ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖလော်ရီဒါပြည်နယ်၊ လိတ်ခ်လဲန်းဒ်မှာဖြစ်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပေမယ့် တချို့ကတော့ ဒါဟာ အစစ်အမှန်လား၊ အတုအယောင်လား ဆိုတာကို မယုံနိုင်အောင် ဖြစ်နေခဲ့ကြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ကို မျှဝေခဲ့သူ အမျိုးသမီးကတော့ ဒါဟာ အစစ်အမှန်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဝင်ရောက်ကြည့်ရှုကြပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၁ သောင်းခွဲကျော် ရှိနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ရဲ့အစမှာ မိကျောင်းကြီးရဲ့နှာခေါင်း စတင်ပေါ်လာခဲ့တာကို တွေ့လိုက်ရချိန် ခရီးသွားတွေဟာ သူတို့ရဲ့ မှန်ပြောင်းတွေနဲ့ ကြည့်ရှုနေခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက် မိကျောင်းကြီးဟာ လမ်းမပေါ်ကိုဖြတ်ပြီး လမ်းရဲ့တဘက် မြက်ခင်းတောထဲကို ဝင်သွားခဲ့ချိန်မှာ ကြည့်ရှုသူတွေဟာ ပါးစပ်အဟောင်းသားနဲ့ ကျန်နေခဲ့ကြတာပါ။ အံ့သြလောက်စရာ ဒီမိကျောင်းကြီးရဲ့ အမြီးပိုင်းဟာ အရွယ်ရောက်ပြီးသူတယောက်ရဲ့ အရွယ်အစားထက် ပိုပြီးရှည်လျားနေခဲ့တာကို တွေ့ရမှာပါ။ နယူးစ်ဆစ်က်စ် (News 6) သတင်းမှ အစီအစဉ်တင်ဆက်သူတဦးဖြစ်တဲ့ ဂျပ်စတင် ဝါးမော့သ်ကတော့ “ဒါဟာ ဒိုင်နိုဆောတကောင်လိုပဲ” လို့ ပြောခဲ့ပါတယ်။
4 years Ago
Up