အွန်လိုင်းအခြေပြု အမုန်းစကားတိုက်ဖျက်ရန် ဂူဂယ်နှင့် ဖေ့စ်ဘွတ်ကို ပြင်သစ်သမ္မတ တိုက်တွန်း

July 15, 2015

ရေနံဓာတုစက်ရုံ မီးလောင်မှု ပြင်သစ် အာဏာပိုင်များ စုံစမ်း (ရုပ်သံ)

ပြင်သစ်အာဏာပိုင်တွေက နိုင်ငံတောင်ပိုင်းက ရေနံဓာတုစက်ရုံမှာ မီး ၂ ကြိမ် လောင်ခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဇူလိုင် ၁၄ ရက်နေ့က စတင်လိုက်ပါတယ်။ စက်ရုံကို အမေရိကန်ကုမ္ပဏီက ပိုင်ပြီး ပြင်သစ်ရဲ့ ဒုတိယအကြီးဆုံးမြို့တော် မာဆေးလီရဲ့ လေဆိပ်နားမှာ ရှိနေတာပါ။ ညအချိန်မှာ လောင်စာကန် ၂ ခု မီးလောင်တဲ့ အပျက်အစီးရဲ့ နောက်ကွယ်က အကြောင်းပြချက်တွေကို စုံစမ်း စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးပြီလို့ တရားရုံး ဒုတရားသူကြီးက ရေမီအေဗွန်က ပြောပါတယ်။ မြို့အာဏာပိုင်တွေကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပထမမီးလောင်မှုကို မနက်ပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယမီးက ရေနံစိမ်း ဒါမှမဟုတ် ကီရိုဆဲင်းလို့ ခေါ်တဲ့ လောင်စာကုန်ကြမ်း ကုဗမီတာ ၄၂၀၀၀  ထည့်ထားတဲ့ လှောင်ကန်ကို မီးစွဲ လောင်ခဲ့တာပါ။ ဒါကြောင့် အင်မတန် အားကောင်းတဲ့ မီးခိုးလုံးတွေ ဖြစ်ခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပြီး သိုလှောင်ကန် ၂ လုံးဟာ ၁ လုံးနဲ့ ၁ လုံး မီတာ ၅၀၀ ဝေးတယ်လို့ ဆိုပါတယ်။ မီးခိုးလုံးတွေက ကျန်းမာရေးအတွက် ဘေးအန္တရာယ် ချက်ချင်း မကျရောက်ဘူး မာဆေးလဲ့စ် လေဆိပ်ရဲ့ လေကြောင်းခရီးစဉ်တွေအပေါ်လဲ သက်ရောက်မှု မရှိခဲ့ဘူးလို့ ဒေသခံအုပ်ချုပ်ရေးမှူးက  ပြောခဲ့ပါတယ်။
6 years Ago

June 27, 2015

ပြင်သစ်တွင် စက်ရုံပိုင်ရှင်တဦး ခေါင်းဖြတ်သတ်ခံရမှု စက်ရုံဝန်ထမ်းကို ဖမ်းဆီး

ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းက လီယွန် Lyon မြို့အနီး ဓာတ်ငွေ့စက်ရုံတခုမှာ ဇွန် ၂၆ ရက်နေ့က စက်ရုံပိုင်ရှင် ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး သတ်ဖြတ်မှုနဲ့ စက်ရုံဝန်ထမ်းတဦးကို ရဲက ဖမ်းဆီးထားပါတယ်။ စက်ရုံပိုင်ရှင်ကို သူ့ရဲ့စက်ရုံဝန်ထမ်းက သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ရဲတွေက သံသယဖြစ်နေကြပါတယ်။ သတ်ဖြတ်မှုမဖြစ်ခင် ကားတစီးက စက်ရုံတံခါးကို တိုက်ဖျက်ဝင်ရောက်ပြီး စက်ရုံထဲမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နာရီပိုင်းအတွင်း သတ်ဖြတ်တယ်လို့ သံသယရှိသူကို  ရဲတွေက ဖမ်းဆီးလိုက်ပြီး အစွန်းရောက်မွတ်စလင်နဲ့ ပတ်သက်မှုရှိမရှိ ရဲတွေက စစ်ဆေးနေပါတယ်။ ဒီတိုက်ခိုက်မှုအပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်မှာကို စိုးရိမ်တဲ့အတွက် ပြင်သစ်နိုင်ငံတ၀န်း လုံခြုံရေးအဆင့်ကို အမြင့်ဆုံးသတ်မှတ်ခဲ့ပါတယ်။ ခေါင်းဖြတ်သတ်ဖြတ်ခံရသူဟာ စက်ရုံပိုင်ရှင်ရဲ့ခေါင်းကို စက်ရုံရဲ့ တိုင်တတိုင်ပေါ်တင်ထားခဲ့ပြီး ခန္ဓာကိုယ်ကိုတော့ အာရပ်စာတွေ ရေးသားထားတဲ့ အလံနဲ့ တွေ့ရှိခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။ ပြင်သစ်သမ္မတ အောလွန်က တိုက်ခိုက်သူ ၂ ယောက်လို့ အတည်ပြုခဲ့ပြီး ဓာတုစက်ရုံကို ဖောက်ခွဲဖို့ ရည်ရွယ်တာဖြစ်လို့ ဒါဟာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း သတင်းထောက်တွေကို ပြောဆိုပါတယ်။ စက်ရုံအတွင်း ပေါက်ကွဲမှုမှာ တခြားလူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ နာရီပိုင်းအတွင်း ဖမ်းဆီးခံရတဲ့ အသက် ၃၅ နှစ်အရွယ် Yacine Sali ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဘာသာရေးအစွန်းရောက်မှုနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခံဖူးသူဖြစ် တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။  
6 years Ago
Up