စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မိချောင်းတွင်းရွာအနီး ချင်းတွင်းမြစ်တွင်း နစ်မြုပ်ခဲ့တဲ့ အမြန် ရေယာဉ်ပေါ် စီးနင်းလိုက်ပါခဲ့သူ ပညာရေးဝန်ထမ်း ၂၉ ဦး သေဆုံး၊ ပျောက်ဆုံးနေပြီး ၃၅ ဦး အသက်ရှင် ကျန်ရစ်တယ်လို့ တိုင်းပညာရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်က ဟုမ္မလင်းမှ မုံရွာကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်ခဲ့မှုမှာ မနေ့မနက်ထိ သေဆုံးသူ အမျိုးသမီး ၂၈ ဦး၊ အမျိုးသား ၁၀ ဦး စုစုပေါင်း ၃၈ ဦးရှိနေပြီလို့ လူကယ်ပြန်ဌာနကထုတ်ပြန်ထားပါတယ်။
4 years Ago