အမြန်လမ်း၌ တရားမဝင်သစ်များ

March 6, 2017

အမြန်လမ်း၌ တရားမဝင်သစ်များ တင်ဆောင်လာသည့်ကား တိမ်းမှောက်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၄၀/၀ နဲ့ ၁ ကြားမှာ တရားမဝင်သစ်တွေ တင်ဆောင်လာတဲ့ ကားတစီးဟာ မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်ကို တရားမဝင်(ကျွန်း)သစ်ခွဲသား ဆိုဒ်စုံ ၉၄ ချောင်း (၀ ဒသမ ၇၉) တန်၊ ကာလတန်ဖိုး ၁၁၈၅၉၀ ကျပ် တန်ဖိုးရှိ သစ်တွေ တင်ဆောင်မောင်းနှင်လာတဲ့ SUPER CUSTOM (ခဲရောင်)ယာဉ်အမှတ် 8I/1137 ယာဉ်ဟာ နောက်ဝဲဘီး ပေါက်ပြီး လမ်းလယ်ကျွန်းပေါ်မှာ ပက်လက်လန် တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်မောင်းမှာ ယာဉ်ကိုထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်ကို ဗောဓိကုန်း(အမြန်လမ်း) ရဲတပ်ဖွဲ့စခန်းမှ ယာဉ်(ပ)၄/ ၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၂၀၂ သစ်တောဥပဒေပုဒ်မ ၄၂(ခ)နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေပြီး ယာဉ်မောင်ကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
5 years Ago
Up