အမြန်လမ်းယာဉ်တိုက်မှု ၁၄ ဦးသေဆုံး၊ ၂၄ ဦး ဆေးရုံတင်ထားရ

October 2, 2018

အမြန်လမ်းယာဉ်တိုက်မှု ၁၄ ဦးသေဆုံး၊ ၂၄ ဦး ဆေးရုံတင်ထားရ

အမြန်လမ်း မိုင်တိုင် ၂၂၉ မှာ အောက်တိုဘာ ၁ ရက်၊ ည ၁၁ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၁၄ ယောက်သေဆုံးကာ ၂၄ ယောက် ဆေးရုံတင်ထားရတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ လေအိတ်ပေါက်လို့ လမ်းဘေးရပ်ပြီး ကားပြင်နေတဲ့ ကျေးဇူးရှင် ဘုရားဖူးယာဉ်ကို  အရိန္ဒမာခရီးသည်တင်ယာဉ်က နောက်က ၀င်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂ ရက် ဒီမနက် ၈ နာရီအထိ ကားတိုက်မှုအတွင်း အရိန္ဒမာ ခရီးသည်တင်ယာဉ်ပေါ်ပါ ကျား ၇ ယောက်၊ မ ၇ ယောက် သေဆုံးပြီး ၂၄ ယောက် ဆေးရုံတင်ထားရတယ်။ ဒီထဲ အတွင်းလူနာ ၁၈ ယောက်ကို နေပြည်တော်ကုတင် ၁၀၀၀ မှာ ကုသပေးနေတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ အရိန္ဒမာခရီးသည်တင်ယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူကတော့ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up