အမြန်လမ်းတွင်

April 9, 2018

အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်၊ သံဃာ ၁ ပါးနှင့် ယာဉ်နောက်လိုက် သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင်တိုင် အမှတ် ၁၂၃/၆ နဲ့ ၁၂၃/၇ အကြားမှာ ဒီနေ့ မနက် ၁ နာရီခွဲ လောက်က ၁၂ ဘီးကားနဲ့ EXPRESS ကားတိုက်မိပြီး သံဃာတပါးနဲ့ ယာဉ်နောက်လိုက်တဦးတို့ သေဆုံးသွားပါတယ်။ ဗောဓိကုန်း အမြန်လမ်းမကြီး မီးသတ်စခန်း တာဝန်ရှိသူတဦးက "သစ်တင်တဲ့ကားက ရှေ့ကမောင်းလာတာကို နောက်က EXPRESS က ဝင်တိုက်တယ်လို့ ထင်ပါတယ်။ သံဃာတပါးနဲ့ ယာဉ်နောက်လိုက်ကတော့ ဖြစ်တဲ့နေရာမှာတင် ဆုံးသွားတယ်။ အခြား ၁၁ ဦး ဒဏ်ရာရတယ်။ ဖြူးဆေးရုံကို အကုန်ပို့ထားပါတယ်” လို့ ပြောပါတယ်။ နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ကို ယာဉ်မောင်းဝေယံထက် မောင်းနှင်လာတဲ့ EXPRESS ယာဉ်က နောက်က ဝင်တိုက်မိခဲ့တာပါ။ EXPRESSယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ခရီးသည် ၂၈ ဦး လိုက်ပါလာပြီး လိုက်ပါလာသူထဲက ယာဉ်နောက်လိုက်တဦးနဲ့ သံဃာတော်တပါးတို့မှာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူနဲ့ ဒဏ်ရာရှိသူတွေကို ဖြူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ၁၂ ဘီးယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားလို့ ဖမ်းဆီး ရမိရေးဆောင်ရွက်နေတယ်လို့ ဗောဓိကုန်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းကဆိုပါတယ်။ ဗောဓိကုန်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ၁၂ ဘီး ယာဉ်မောင်းနဲ့ EXPRESS ယာဉ်မောင်းတို့ကို ရာဇသတ်ကြီးပုဒ် ၃၀၄-က/၃၃၈/၃၃၇/၂၀၂ နဲ့ အမှုဖွင့်ထားပြီး  တရားမဝင်သစ်တွေကို သစ်တောဌာနကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
4 years Ago

December 23, 2017

အမြန်လမ်းတွင် ကားတစီး အရှိန်လွန် လမ်းဘေးတန်းကို ၀င်တိုက်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၁၅/၇ နဲ့ ၂၁၆/၀ အကြား ဒီနေ့မနက် အစောပိုင်းက မတ်တူးကားတစီး အရှိန်လွန်ကာ လမ်းတဖက်ယာဉ်ကြောရှိ ဘားတန်းကို တိုက်မိပြီး ကားပေါ်ပါ လူ ၅ ဦး ဒဏ်ရသွားတယ်လို့ ပန်းတင်အမြန်လမ်းရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ နေပြည်တော်ကနေ မန္တလေးကို တင်ထွဋ်ဝင်း မောင်းလာတဲ့ မတ်တူးကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကျော်တက်သွားပြီး တဖက်ယာဉ်ကြောရှိ မြေသားလမ်းမှာ ကာထားတဲ့ အလူမီနီယမ်ဘားတန်းကိုတိုက်မိပြီး ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ပန်းတင်ရဲစခန်း အမှုစစ်ရဲအရာရှိက “ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်တပ်ဖွဲ့နဲ့ အခင်းဖြစ်နေရာ သွားခဲ့တယ်။ ကားပေါ်ပါသူအားလုံး ဒဏ်ရာရကြတယ်။ အားလုံးကတော့ ရန်ကုန်၊ တာမွေမြို့နယ်မှာနေသူတွေပါ။ ကားကတော့ ၁၅ သိန်ဖိုးလောက်ပျက်သွားတယ်။ တပ်ဖွဲ့ပိုင်ကားနဲ့ပဲ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။ ဒေသခံတဦးက “အရှိန်က အရမ်းများတယ်။ လမ်းလယ်ကျွန်းကိုတောင် ကျော်တက်သွားပြီး တဖက်လမ်းက မြေသားမှာကာထားတဲ့ ဘားတန်းကိုတိုက်မှရပ်တယ်။ ဘားတန်းမရှိရင် မရပ်လောက်ဘူး၊ ကားကတော့ စက္ကူကို ချေလိုက်သလိုပဲ ဖြစ်သွားတယ်” လို့ ပြောပါတယ်။ အမြန်လမ်းပန်းတင်ရဲစခန်းက ကိုတင်ထွဋ်ဝင်းကို ယာဉ်မဆင်မခြင်ပေါ့ဆစွာ မောင်းလို့ သာမန်ဒဏ်ရာရမှု၊  ပြင်ထန်းဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
More News
Up