ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမြန်ဆုံးကစားသမားအဖြစ် မန်ယူနိုက်တက် လူငယ်နောက်ခံလူ တဦးက ရပ်တည်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်မှာ သုတေသန ပြုလုပ်ချက်အရ ဖူလ်ဟမ်အသင်းမှာ အငှားသွားကစားခဲ့တဲ့ မန်ယူနောက်ခံလူ ဖိုဆူမန်ဆာဟာ တနာရီကို ၃၅ ဒသမ ၃၂ ကီလိုမီတာ အမြန်နှုန်း ရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်မှာ မန်စီးတီး တောင်ပံကစားသမား လီရွိုင်းဆာနေးက အမြန်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အခုနှစ်မှာတော့ ဖိုဆူမန်ဆာက ဆာနေးကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဖိုဆူမန်ဆာဟာ ဖူလ်ဟမ်အသင်းအတွက် ၁၂ ပွဲ ကစားခဲ့ရတာဖြစ်ပေမယ့် သူ့ရဲ့ အမြန်နှုန်းက တခြားကစားသမားတွေထက် ပိုများခဲ့ပါတယ်။
သူ့ရဲ့နောက်မှာ မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာက တနာရီကို ၃၅ ဒသမ ၂၇ ကီလိုမီတာ အမြန်နှုန်းရှိခဲ့ပြီး ဝုဗ်နောက်ခံလူ ဗင်နာဂရီက တနာရီကို ၃၅ ဒသမ ၂ ကီလိုမီတာ အမြန်နှုန်းနဲ့ အဆင့်သုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မန်စီးတီးက ဆာနေး၊ နယူးကာဆယ်က ရက်ဒ်ဒင်းတို့က ရပ်တည်ခဲ့ပါတယ်။
ထိပ်ဆုံး ၁၀ ဦးစာရင်းမှာတော့ ဝတ်ဖို့ဒ်က ဒယ်လိုဖူ၊ ဝက်စ်ဟမ်းက ဖိလစ်ပီအန်ဒါဆန်၊ လီဗာပူးက အိုရီဂီနဲ့ ခရစ္စတယ်ပဲလေ့စ်က ဗန်အန်ဟော့တို့ ပါဝင်ခဲ့ပါတယ်။
လီဗာပူးက နာမည်ကြီး ကစားသမား ဆာလာကတော့ ဖူလ်ဟမ်ဂိုးသမား ရီကိုလောက် အမြန်နှုန်း မရှိခဲ့ဘူးလို့ အဲဒီသုတေသနမှာ ဖော်ပြထားပါတယ်။
2 years Ago