အပြာရုပ်ရှင်မင်းသမီး

July 13, 2018

ထရမ့်နှင့် ပျော်ပါးဖူးဟု ပြောထားသည့် အပြာမင်းသမီး ကိုယ်ခန္ဓာထိကိုင်ခွင့်ပေးမှုဖြင့် အဖမ်းခံရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပျော်ပါးခဲ့ဖူးတယ်လို့ ပြောကြားထားတဲ့ အပြာရုပ်ရှင် မင်းသမီး စတော်မီ ဒန်နီယယ်ကို အဖော်အချွတ် ကလပ်တခုမှာ ဇူလိုင် ၁၂ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ စတော်မီ ဒန်နီယယ်ဟာ ကလပ်မှာ အဖော်အချွတ်အကနဲ့ ဖျော်ဖြေနေစဉ် လာရောက်သူတွေကို သူ့ရဲ့ကိုယ်ခန္ဓာ ထိကိုင်ခွင့်ပေးခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာပါ။ အိုဟိုင်းယိုးပြည်နယ် ဥပဒေအရ မိသားစုဝင်မဟုတ်တဲ့ တစိမ်းတဦးဟာ ဝတ်လစ်စလစ် သို့မဟုတ် တစိတ်တပိုင်း ဝတ်လစ်စလစ်နဲ့ ကပြသူကို ထိကိုင်ခြင်းမပြုရလို့ တားမြစ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒန်နီယယ်ကို ဇူလိုင် ၁၂ ရက်နေ့ အစောပိုင်းမှာ ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ စတော်မီ ဒန်နီယယ်ရဲ့ ရှေ့နေ မိုက်ကယ် အာဗန်နာတီကတော့ “အခုလုပ်ရပ်က လုံးဝ ဇာတ်လမ်းဆင်ထားတဲ့ လုပ်ရပ်ပါ” လို့ ပြောပါတယ်။
3 years Ago

May 31, 2018

ထရမ့်၏ ရှေ့နေအမှု အပြာရုပ်ရှင်မင်းသမီး တရားရုံးတွင် လာရောက်ထွက်ဆိုမည်

အပြာရုပ်ရှင်မင်းသမီး စတော်မီဒန်နီယယ်ဟာ သမ္မတ ထရမ့်ရဲ့ရှေ့နေ မိုက်ကယ်ကိုဟင် အမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ လာရောက်ထွက်ဆိုမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ကိုဟင်ရဲ့နေအိမ်နဲ့ ရုံးခန်းကို ရဲက ၀င်ရောက်စီးနင်းရာမှာ ရရှိခဲ့တဲ့ အသံတိတ်ခွေတွေဟာ သတင်းဌာနတွေကို ပေါက်ကြားခဲ့ပါတယ်။ ဒီအတွက် ခရိုင်တရားသူကြီးက သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေနဲ့ ပတ်သက်လို့ ထွက်ဆိုချက်ကြားနာမှာဖြစ်ပါတယ်။ ကိုဟင်ဟာ သမ္မတထရမ့်ရဲ့ ရှေ့နေအဖြစ် အလုပ်လုပ်ပေးနေတာ ဆယ်စုနှစ် တခုကျော်ပြီ ဖြစ်ပါတယ်။ ထရမ့်နဲ့ ဒန်နီယယ်တို့ရဲ့ ပတ်သက်မှုကို ဆိတ်ဆိတ်နေပေးဖို့အတွက် ကိုဟင်ဟာ ၂၀၁၆ ခုနှစ်က ဒန်နီယယ်ကို နှုတ်ပိတ်ခအနေနဲ့ ဒေါ်လာ ၁၃၀, ၀၀၀ ပေးခဲ့ပါတယ်။
4 years Ago
Up