အပြာမယ်

May 3, 2018

အပြာမယ်ကို နှုတ်ပိတ်ခ စိုက်ပေးခဲ့သည့် ဒေါ်လာ ၁ သိန်းကျော် ထရမ့်ပြန်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပျော်ပါးခဲ့တယ်ဆိုတဲ့ အပြာရုပ်ရှင်မင်းသမီးကို နှုတ်ပိတ်ခ ဒေါ်လာ ၁ သိန်းကျော် စိုက်ပေးခဲ့တဲ့ရှေ့နေကို ထရမ့်က ငွေပြန်ဆပ်လိုက်ပြီလို့ သမ္မတထရမ့်ရဲ့ ဥပဒေအဖွဲ့ဝင်တဦးက မေလ ၂ ရက်နေ့က သတင်းမီဒီယာတွေကို ပြောကြားလိုက်ပါတယ်။ သမ္မတ ထရမ့်ဟာ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စဉ်က နာမည်ကြီး အပြာမင်းသမီး စတော်မီဒန်နီယယ်နဲ့ တညတာ ပျော်ပါးခဲ့တယ်လို့ မင်းသမီးက စွပ်စွဲထားပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ရှေ့နေ မိုက်ကယ်ကိုဝမ်က မင်းသမီးကို နှုတ်ပိတ်ခ အမေရိကန်ဒေါ်လာ ၁ သိန်း ၃ သောင်း စိုက်ပေးခဲ့တာပါ။ အဲဒီငွေကို ထရမ့်က အခုပြန်ပေးလိုက်ပြီလို့ နယူးယောက်မြို့တော်ဝန်ဟောင်းလည်းဖြစ်၊ ထရမ့်ရဲ့ ရှေ့နေအဖွဲ့ထဲကို ပြီးခဲ့တဲ့လက ဝင်ရောက်ခဲ့သူလည်းဖြစ်တဲ့ ရူဒီဂျူလီယာနီက လူသိရှင်ကြား ပြောကြားလိုက်တာပါ။ အိမ်ဖြူတော်ကတော့ ထရမ့်နဲ့ အပြာမင်းသမီးတို့ရဲ့ လိင်အရှုပ်တော်ပုံ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
4 years Ago
Up