အပြာမင်းသမီး

January 13, 2019

ဝက်စ်ဟမ်းနှင့်ပွဲ ခြေစွမ်းမပြနိုင်သည့် ဂွမ်ဒေါင်ဇီကို အပြာမင်းသမီး ဝေဖန်ခဲ့မှု ပရိသတ်များကြား ရေပန်းစား

ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ ဂွမ်ဒေါင်ဇီကို နာမည်ကြီးအပြာမင်းသမီး မီယာကယ်လီဖာက တွစ်တာမှာ အပြစ်တင်ရေးသားချက်ဟာ ပရိသတ်တွေအကြားမှာ ငိုအားထက် ရယ်အားသန်ကိစ္စတခု ဖြစ်နေပါတယ်။ မီယာကယ်လီဖာက သူမရဲ့ ကိုယ်ပိုင်တွစ်တာအကောင့်မှာ ဂွမ်ဒိုဇီကွင်းထဲမှာ လဲကျတဲ့ အကြိမ်အရေအတွက်ဟာ သူမ ၂၀၁၄ ခုနှစ်မှာ အပြာကားရိုက်ခဲ့တဲ့ အရေအတွက်ထက် ပိုများနေတယ်လို့ ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ၁၉ နှစ်သား ပြင်သစ် ကစားသမားလေးဟာ ခြေစွမ်းကျဆင်းနေတာကြောင့် ပရိသတ်တွေက အပြင်းအထန် ဝေဖန်လှောင်ပြောင်နေကြပါတယ်။ သူ့ရဲ့ဆံပင်ပုံစံဟာလည်း လှောင်ပြောင်ခံရတဲ့ အချက်တချက်ဖြစ်လာတာကြောင့် ဂွမ်ဒိုဇီအနေနဲ့ စိတ်ပျက်နေတယ်လို့ သိရပါတယ်။
2 years Ago

May 24, 2018

သမ္မတထရမ့်နှင့် တညပျော်ပါးခဲ့ကြောင်း ပြောထားသည့် အပြာမင်းသမီး ရွှေသော့ဆုရရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တညတာ ပျော်ပါးခဲ့တယ်ဆိုပြီး ပြောကြားထားတဲ့ အပြာရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီယယ်ကို ဝက်စ် ဟောလိဝုဒ် မြို့တော်ဝန်က ရွှေသော့ဆု ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။ မေ ၂၃ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် ဝက်စ်ဟောလိဝုဒ်မြို့မှာ စတော်မီဒန်နီယယ်ကို ဝက်စ်ဟောလိဝုဒ် ရွှေသော့ဆု ပေးအပ်တဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ “စတော်မီဒန်နီယယ်နဲ့ ပတ်သက်လို့ ကျနော် ကတိပေးနိုင်တာတခု ရှိပါတယ်။ ဒန်နီယယ်ဟာ ကိုယ့်အထုပ်ကိုယ်ပြင်ပြီး အိမ်ပြန်မယ့်လူစားမျိုး မဟုတ်ပါဘူး။ သူဟာ တိုက်ပွဲပြီးတဲ့အထိ မဆုတ်မနစ် တိုက်သွားမယ့်လူစားမျိုးပါ” လို့ ရှေ့နေဖြစ်သူ မိုက်ကယ် အက်ဗန်နာတီက ပြောခဲ့ပါတယ်။ “ကျနော့်အပေါ် အပ်နှင်းထားတဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအရ ဟောဒီက လုပ်ဖော်ကိုင်ဘက်ကြီး ဂျွန်ဒီအမီကိုနဲ့အတူ ဒီကနေ့ မေလ ၂၃ ရက်နေ့ကို ဝက်စ် ဟောလိဝုဒ်မြို့မှာ  စတော်မီ ဒန်နီယယ်နေ့အဖြစ် သတ်မှတ်ပါတယ်” လို့ ဝက်စ် ဟောလိဝုဒ် မြို့တော်ဝန် ဂျွန်ဂျေ ဒါဗန်က ပြောကြားခဲ့ပါတယ်။ ရွှေသော့ဆုရှင် အပြာရုပ်ရှင်မင်းသမီး စတော်မီ ဒယ်နီယယ်က “ဝက်စ် ဟောလိဝုဒ် အသိုက်အဝန်းကို တည်ထောင်တာ ဆယ်စုနှစ် ၃ ခုကျော် ရှိသွားပါပြီ။ အဲဒီအသိုက်အဝန်းဟာ လူသားအားလုံးအပေါ်မှာ ဂုဏ်သိက္ခာရှိစွာ၊ မျှတစွာနဲ့ ကောင်းမွန်စွာ ဆက်ဆံတယ်ဆိုတဲ့ သဘောတရားပေါ် အခြေခံပြီး တည်ထောင်ထားတာပါ။ ဒီအသိုက်အဝန်းဟာ အနိုင်ကျင့်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး အမှန်တရားကို ထုတ်ဖော်ပြောဆိုတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ကျမအနေနဲ့ အဲဒီအသိုက်အဝန်းမှာ ပါဝင်ခွင့်ရတဲ့အတွက် အလွန့်အလွန် ကံကောင်းသလို ဂုဏ်လည်းယူမိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်နော်” လို့ ပြောပါတယ်။ ၂၀၀၆ ခုနှစ်က ဒေါ်နယ်ထရမ့်ဟာ အပြာရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီယယ်နဲ့ ပတ်သက်မှုရှိခဲ့တယ်၊ အဲဒီနောက် သမ္မတရွေးကောက်ပွဲ မတိုင်မီ ဒယ်နီယယ်ကို အဲဒီပတ်သက်မှုအတွက် နှုတ်ပိတ်ခအဖြစ် သမ္မတရဲ့ရှေ့နေကတဆင့် ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
3 years Ago
Up