အပြည်ပြည်ဆိုင်ရာကလေးသူငယ်အခွင့်အရေးနေ့

November 20, 2015

အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့ အခမ်းအနား (ဓာတ်ပုံ)

နောင်တက်လာမယ့် အစိုးရအနေနဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ဖော်ပြပေးဖို့ အရေးကြီးကြောင်း ယူနီဆက်ဖ် မြန်မာဌာနေကိုယ်စားလှယ် မစ္စတာ ဘာထရန် ဘိန်ဗဲလ် (Mr.Bertrand Bainvel) က ပြောပါတယ်။ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ဆောင်ရွက်ပေးဖို့ ရည်ရွယ်ပြီး နိုဝင်ဘာ ၂၀ ရက် မနက် ၈ နာရီခွဲကနေ ၁၂ နာရီအထိ ရန်ကုန်မြို့ နိုဗိုတယ်လ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။ နောင်ငါးနှစ်တာကာလအတွင်းမှာ ကလေးသူငယ်တွေအတွက် ဘယ်လို ဆောင်ရွက်ပေးမလဲ ဆိုတာနဲ့ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်အခွင့်အရေးနေ့ အထိမ်းအမှတ် ကျင်းပဖို့အတွက် ဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဓာတ်ပုံ - အောင်သူ  
7 years Ago
Up