အပြင်းအထန် တိုက်ခိုက်

February 19, 2017

မီဒီယာများ ကိုယ်ကျိုးစီးပွားသာကြည့်ဟု ဒေါ်နယ်ထရမ့် အပြင်းအထန် တိုက်ခိုက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျင်းပတဲ့ လူထုနဲ့ တွေ့ဆုံပွဲတခုမှာ သတင်းမီဒီယာတွေကို နောက်တကြိမ်အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။ သတင်းမီဒီယာတွေဟာ အများပြည်သူတွေအတွက် သတင်းအမှန်ကို မတင်ဘဲ သူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေအတွက်ပဲ ရှေ့တန်းတင်တယ်လို့ ဖလော်ရီဒါပြည်နယ်၊ မဲလ်ဘုန်းမြို့မှာ သူ့ကို ထောက်ခံသူတွေကိုပြောဆိုခဲ့တာပါ။ သူ့ရဲ့သမ္မတ သက်တမ်းအတွင်း အောင်မြင်မှုတွေကို အမွှန်းတင်ပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံတ၀န်း ယုံကြည်မှုရေချိန် ပြန်တက်လာပြီလို့ ပြောဆိုလိုက်ပါတယ်။ သူနဲ့ သူ့အစိုးရအပေါ် ဖိအားတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း သတင်းစာရှင်းလင်းပွဲတခုမှာ သတင်းမီဒီယာတွေကို တိုက်ခိုက်ခဲ့သလို သောကြာနေ့မှာလည်း “မီဒီယာတွေဟာ အမေရိကန်ပြည်သူတွေရဲ့ ရန်သူ”လို့ သူ့ရဲ့ တွစ်တာ မှာ ရေးသားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့တပတ်အစောပိုင်းက သူ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေး စွပ်စွဲမှုတွေနဲ့ နုတ်ထွက်သွားခဲ့တဲ့အတွက် အဲဒီလစ်လပ်နေတဲ့နေရာအတွက် ပမာဏရွေးချယ်ထားသူ ၄ ယောက်ကို သမ္မတက ဒီနေ့ မေးမြန်းမှာဖြစ်ပါတယ်။ သူ F-35 တိုက်လေယာဉ်တွေ ဈေးချခိုင်းခဲ့လို့ တစီးကို ဈေး ၇ ရာခိုင်နှုန်း ကျခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး သက်သာခဲ့တဲ့အတွက် ဂျပန်ဝန်ကြီးချုပ် အာဘေးက သူ့ကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့တယ်။ မီဒီယာတွေကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာမဟုတ်ဘူးလို့လည်း ဒေါ်နယ်ထရမ့်ကပြောဆိုခဲ့ပါတယ်။
4 years Ago
Up