အပြင်းထန်ဆုံးဆီးနှင်းမုန်တိုင်း

January 24, 2016

အမေရိကန်တွင် အပြင်းထန်ဆုံးဆီးနှင်းမုန်တိုင်း ဆက်လက်တိုက်ခတ်နေ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စုမြောက်ပိုင်းပြည်နယ်တွေမှာ နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး ဆီးနှင်းမုန်တိုင်း ဆက်လက်တိုက်ခတ်နေပြီး ဇန်န၀ါရီ ၂၄ ရက်နေ့က နိုင်ငံအရှေ့ပိုင်းကို ဆက်လက်ရွေ့လျားနေပါတယ်လို့ မိုးလေ၀သအေဂျင်စီတွေက ဆိုပါတယ်။ ဆီးနှင်းမုန်တိုင်းရွေ့လျားရာလမ်းကြောင်းပေါ်က ပြည်နယ် ၁၂ ပြည်နယ်မှာ အမေရိကန်ပြည်သူ သန်း ၅၀ ကျော်နေထိုင်ကြပြီး ဇန်န၀ါရီ ၂၄ ရက်နေ့ ၀ါရှင်တန်ဒီစီမြို့တော်မှာ ဆီးနှင်းအထူ ၂ ပေခွဲလောက်ကျမယ်လို့ မိုးလေ၀သအေဂျင်စီတွေက ထုတ်ပြန်ထားပါတယ်။ ၀ါရှင်တန်မြို့တော်ရဲ့ လေယာဉ်အ၀င်အထွက် ခရီးစဉ် ၇၆၀၀ ကျော် ဖျက်သိမ်းထားရပြီး ပြည်နယ် ၁၀ မှာတော့ ဆီးနှင်းမုန်တိုင်း အရေးပေါ်အခြေအနေကြေညာထားပါတယ်။ နှင်းမုန်တိုင်းကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပြီး လက်ရှိအချိန်အထိ လူ အနည်းဆုံး ၉ ဦးသေဆုံးတယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ ဆီးနှင်းမုန်တိုင်းမ၀င်ခင်က ဇန်န၀ါရီ ၂၂ ရက်နေ့ ဒေသခံ အမေရိကန်ပြည်သူတွေက ရိက္ခာတွေကို စုပြုံ ၀ယ်ယူစုဆောင်းခဲ့ကြတဲ့အတွက် ကုန်တိုက်ကြီးတွေမှာ စားသောက်ကုန်တွေ ပြတ်လပ်ခဲ့ပါတယ်။
7 years Ago
Up