အပြင်အစားအစာ

July 8, 2018

ဂူအတွင်း ကလေးငယ်များက အပြင်အစားအစာ စားချင်ကြောင်းပြော

မယ်ဆိုင်မြို့ ထမ်းလုံ ကျောက်လိုဏ်ဂူထဲပိတ်မိနေတဲ့ ထိုင်းတောဝက်အသင်း ဘောလုံးသမားတွေက  အပြင်က အစားအစာ စားချင်ကြောင်းနဲ့ မိဘတွေနဲ့ စာအဆက်အသွယ်ရရှိတယ်လို့ ချင်းရိုင်ခရိုင်ဝန်က ဇူလိုင် ၇ နေ့လယ်ပိုင်းမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ “ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေက အားလုံးအစိမ်းရောင်အဆင့်ရှိပြီး ဆရာဝန်တဦး အချိန်ပြည့်ကြည့်ရှုနေပါတယ်” လို့ ခရိုင်ဝန်က ပြောပါတယ်။ မိဘတွေ ရေးပို့လိုက်တဲ့စာမှာတော့ အားတင်းထားဖို့နဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ ရေးသားထားတယ်လို့ သိရပါတယ်။ လက်ရှိ ဂူအတွင်း ကယ်ဆယ်ရေးကိုတော့ အတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်လာဖို့ ပိုက်တွေနဲ့ ကွန်ပရက်ဆာတွေသုံးပြီး လေစုပ်ထုတ်မှုတွေပြုလုပ်နေပြီး အောက်ဆီဂျင်အိုးတွေကိုလည်း အဆက်မပြတ် လဲလှယ်မှုတွေ ပြုလုပ်ပေးပါတယ်။ ရေစုပ်စက်တွေကိုလည်း အဆက်မပြတ်စုပ်ထုတ်နေမှုရှိတယ်လို့ သိရပါတယ်။ ဘယ်နေ့မှာ ကလေးတွေ ပြန်ထွက်လာမလဲဆိုတဲ့ မေးခွန်းကိုတော့ ခဏခဏ မမေးဖို့နဲ့ အမြန်ဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့ ခရိုင်ဝန်က ပြောပါတယ်။
3 years Ago
Up