အံ့သြဖွယ် ကမ္ဘာ့အရှည်ဆုံး ဆီးနှင်းပြင်စွပ်ဖားလှည်းစီးနင်းမှု ဂင်းနက်စ် စံချိန်တင်

February 2, 2017

အံ့သြဖွယ် ကမ္ဘာ့အရှည်ဆုံး ဆီးနှင်းပြင်စွပ်ဖားလှည်းစီးနင်းမှု ဂင်းနက်စ် စံချိန်တင် (ရုပ်သံ)

သြစတြီးယားနိုင်ငံမှ အမျိုးသား၊ အမျိုးသမီးတွေ များစွာပါဝင်တဲ့ ဆီးနှင်းပြင် စွပ်ဖားလှည်းစီးနင်းမှုဟာ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတင်နိုင်ခဲ့ပြီလို့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဖော်ပြပါတယ်။ ဒီစီးနင်းမှုကို သြစတြီးယားနိုင်ငံ၊ ဘရမ်းဘာ့ဂ်ဒေသ အပန်းဖြေစခန်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသတွင်း ခရီးသွားဌာနနဲ့ ဝေါ့လ်ဒ်ကိုဂျဲလ်တောင်တန်း မီးရထားဌာနတို့ ပူးပေါင်းစီစဉ်ခဲ့တာပါ။ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်တင်နိုင်ဖို့ အမှန်တကယ်တော့ ဆီးနှင်းလျှောစီးသမား ၅၀ ဦးသာ လိုအပ်ခဲ့ပေမယ့် သူတို့အဖွဲ့ကတော့ လူဦးရေ ၅၀၈ ဦးနဲ့ စံချိန်တင်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ဆီးနှင်းပြင်မှာ တပြိုင်တည်းစီးနင်းမယ့် စွပ်ဖားလှည်းတန်းရဲ့ အရှည်ဟာ တဆက်တည်း မီတာ ၇၅၀ အရှည်ရှိကာ ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ရရှိထားတဲ့ ဆီးနှင်းလျှောစီးကစားသမား လီယာ ဂီဂျာက ဦးဆောင်ခဲ့တာပါ။ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန်အဖွဲ့မှ အကဲဖြတ်အဖွဲ့ဝင် လီနာ ကူးမန်းက “အဖွဲ့လိုက် အားထုတ်ကြိုးပမ်းမှုဟာ တကယ့်ကို အံ့မခန်းပါပဲ။ ဒီအခမ်းအနားအတွက် မှတ်တမ်းတင်ဆု ချီးမြှင့်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။
4 years Ago
Up