အံ့အားသင့်

February 26, 2017

လက်စတာနည်းပြကို ထုတ်ပယ်လိုက်သည့်အပေါ် ပရီးမီးယားလိဂ်နည်းပြများ အံ့အားသင့်

လက်စတာအသင်းကနည်းပြ ရေနီယာရီကို ထုတ်ပယ်လိုက်တဲ့အပေါ် ပရီးမီးယားလိဂ်အသင်း နည်းပြတွေက အံ့အားသင့်မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီး နည်းပြ အီတလီ နိုင်ငံသား ကွန်တီကတော့ မန်နေဂျာကောင်း တယောက်ကို ထုတ်ပယ်လိုက်တဲ့အပေါ် ၀မ်းနည်းမိကြောင်း ပြောပါတယ်။ လက်စတာအသင်းရဲ့ ဆုံးဖြတ်ချက်အတွက်လည်း စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။ လက်ရှိ ချန်ပီယံ လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေပြီး တန်းဆင်းဇုန်ရဲ့ အထက်နားမှာ ၁ မှတ်အကွာနဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။ လီဗာပူးနည်းပြ ဂျာကန် ကလော့ကတော့ နည်းပြ ရေနီယာရီကို ထုတ်ပယ်တဲ့ ဆုံးဖြတ်ချက်က ထူးဆန်းနေပြီး ဒီလိုလုပ်တဲ့အပေါ်မှာ အံ့အားသင့်မိတယ်လို့လည်း ပြောပါတယ်။ သူက တကယ်တော့ အသင်းအတွက် အားထားရမယ့်သူ ဖြစ်တယ်လို့လည်း လီဗာပူးနည်းပြက ပြောဆိုသွားပါတယ်။ လက်စတာ နည်းပြ ရာထူးနေရာမှာ အီတလီနိုင်ငံသား နည်းပြ မန်ချီနီက ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။
4 years Ago
Up