အံ့အားသင့်

July 17, 2020

ရက်ရှ်ဖို့ဒ်၏ လျင်မြန်မှုကို ဘရူနိုဖာနန်ဒက်စ် အံ့အားသင့်

မန်ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ လျင်မြန်မှုအပေါ်မှာ အံ့အားသင့်ခဲ့ရတယ်လို့ အသင်းဖော် ဘရူနိုဖာနန်ဒက်စ်က ချီးကျူး လိုက်ပါတယ်။  ဖာနန်ဒက်စ်ဟာ အခုနှစ်ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ လာခဲ့သူဖြစ်ပြီး ရက်ရှ်ဖို့ဒ်အပေါ် ချီးကျူးခဲ့တာပါ။  ရက်ရှ်ဖို့ဒ်မှာ အံ့အားသင့်စရာကောင်းတဲ့ အမြန်နူန်းရှိပြီး အဲဒီအမြန်နူန်းနဲ့အတူ နေရာယူ တတ်မှု၊ ဂိုးကန်သွင်းမှု၊ ဘောလုံးပေးပို့မှုနဲ့ ကျွမ်းကျင်မှုတွေ တသားတည်းရှိနေပြီး အဲဒီလို အရည် အချင်းရှိဖို့က ခက်ခဲတယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။ ယူနိုက်တက်အသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက ရက်ရှ်ဖို့ဒ်က ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမား တစ်ဦးဆိုတာ သိရှိပေမယ့်လည်း ရက်ရှ်ဖို့ဒ်ရဲ့အရည်အချင်းအပေါ်မှာ အံ့အား သင့်ခဲ့ရတယ်လို့လည်း ဖာနန်ဒက်စ်က ပြောပါတယ်။  ကမ္ဘာပေါ်မှာ ဘောလုံးကျွမ်းကျင်မှုအရှိဆုံးကစားသမားကတော့ ပေါ်တူဂီအသင်းဖော် စီရော်နယ်ဒိုဖြစ်တယ်လို့လည်း ဖာနန်ဒက်စ်က မှတ်ချက်ပေးခဲ့ပါတယ်။ 
10 months Ago
Up