အံ့ဖွယ် ထိုက်ချိသိုင်းစွမ်းရည်ပြသသည့် ၃ နှစ်သမီးကလေး

November 30, 2017

အံ့ဖွယ် ထိုက်ချိသိုင်းစွမ်းရည်ပြသသည့် ၃ နှစ်သမီးကလေး (ရုပ်သံ)

ငယ်ရွယ်လွန်းတဲ့ ကလေးတယောက်အနေနဲ့ ခုလို စွမ်းရည်ပြသနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံမှ ၃ နှစ်အရွယ်သာ ရှိသေးတဲ့ ဒီမိန်းကလေးကတော့ အံ့သြစရာကောင်းလောက်အောင် ထိုက်ချိသိုင်းစွမ်းရည် ပြသနိုင်ခဲ့တယ်လို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ချန်ဒူးမြို့မှာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ လူအများရှေ့မှာ သရုပ်ပြကစားခဲ့တာကို တွေ့ရပါတယ်။ ထိုက်ချိကစားနည်းဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော် ကိုယ်ခံပညာရပ်တခုထဲမှာ ပါဝင်ပြီး လူသိများတာမို့ ကလေးငယ်ရဲ့ စွမ်းရည်ပြသနိုင်မှုဟာ တကယ့်ကို ချီးကျူးစရာ ဖြစ်နေခဲ့တာပါ။ သူဟာ လှုပ်ရှားမှုတိုင်းမှာ ဟန်ချက်ညီညီနဲ့ ရွေ့လျားနိုင်ခဲ့တာကို တွေ့ရပြီး ကြည့်ရှုနေသူတွေဟာ ဝမ်းသာအားရ အားပေးခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။
4 years Ago
Up