အံ့ဖွယ်လိပ်ကလေး

April 4, 2018

ဦးခေါင်း ၂ လုံးဖြင့် မွေးဖွားလာသည့် အံ့ဖွယ်လိပ်ကလေး (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်းမှာ လိပ်ကလေးတကောင်ဟာ ဦးခေါင်းနှစ်လုံးနဲ့ ထူးထူးခြားခြား မွေးဖွားလာခဲ့တယ်လို့ စီဂျီတီအန်သတင်းမှာ ဧပြီ ၃ ရက်နေ့က ဖော်ပြပါတယ်။ လက်ရှိမှာတော့ သူဟာ သက်တမ်း ၇ လလောက်ရှိနေပြီး ခက်ခက်ခဲခဲ လှုပ်ရှားနေရတယ်လို့ ဆိုပါတယ်။ ဒီလိပ်ကလေးကို မေဂျိုးမြို့၊ လိပ်မွေးမြူရေးစခန်းမှာ မွေးဖွားလာခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။ ခုလို ဦးခေါင်းနှစ်လုံးနဲ့ မွေးဖွားတာဟာ ရှားတောင့်ရှားပါး ဖြစ်စဉ်တခုဖြစ်ပြီး အကြိမ်ရေတသောင်းမှ တကြိမ် ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ဦးခေါင်းနှစ်လုံးနဲ့ လားရာဘက် မတူတာမို့ လိပ်ကလေးဟာ လှုပ်ရှားရာမှာ ခက်ခဲမှုတွေ ရှိနေပေမယ့် သူ့ကို စိတ်ဝင်စားမှုတွေကတော့ မြင့်တက်နေခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up